လှိုင်းဘွဲ နိုဝင်ဘာ ၂၄
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ယနေ့နံနက်(၁၀)နာရီအချိန်က မြို့နယ်မီးသတ်ဦးစီးဌာနနှင့် လှိုင်းဘွဲမြို့နယ် RESCUE အဖွဲ့တို့ပူးပေါင်းဖွင့်လှစ်သော နိုင်ငံတကာအဆင့်မီ အရေးပေါ်အသက်ကယ်သင်တန်းနှင့်ရှာဖွေကယ်ဆယ်ရေးသင်တန်း(Fire Rescue) သင်တန်းဆင်းပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အခမ်းအနားတွင် ဘားအံခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်လွင်က သင်တန်း ဆင်းအမှာစကားပြောကြားပေးခဲ့သည်။ထို့နောက် သင်တန်းတွင် အဖွဲ့လိုက် အကောင်းဆုံးဆုရရှိသော အဖွဲ့(၁)အား ဘားအံခရိုင်အုပ်ချုပ်ရေးမှူးမှ လည်းကောင်း၊ ဒုတိယဆုရရှိသော အဖွဲ့(၂)အား မြို့နယ်အုပ်ချုပ်ရေးမှူးမှလည်းကောင်း၊ တတိယဆု ရရှိသော အဖွဲ့(၃)အား မြို့နယ်မီးသတ်ဦးစီးမှူးမှလည်ကောင်းဆုများ ချီးမြှင့်ပေးအပ် ခဲ့သည်။
ဆက်လက်၍ သင်တန်းသားထူးချွန်ဆု၊ စစ်ရေးပြထူးချွန်ဆု၊ ပတ်တီးစည်းနည်းကျွမ်း ကျင်ဆု၊ နုတ်ဖြေစစ်ဆေးဖြေဆိုမှု အကောင်းဆုံးဆု၊ ရှာဖွေကယ်ဆယ်ရေးအကောင်း ဆုံးဆု နှင့်ဇွဲဆုများရရှိခဲ့ကြသော သင်တန်းသား၊သင်တန်းသူများကို ဌာနဆိုင်ရာ တာဝန်ခံများ၊မြို့မိ/မြို့ဖများ၊သင်တန်းနည်းပြဆရာများကဆုများပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ထို့နောက် ကရင်ပြည်နယ်အစိုးရအဖွဲ့မှ လှိုင်းဘွဲမြို့နယ် လူမှုကယ်ဆယ်ရေးအဖွဲ့ အတွက်ပေးအပ်သည့် ထောက်ပံငွေ(၃)သိန်းကျပ်ကို ဘားအံခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်လွင်က လှိုင်းဘွဲမြို့နယ် လူမှုကယ်ဆယ်ရေးအဖွဲ့ မြိူ့နယ်ဥက္ကဋ္ဌ ဦးဝေယံလင်း အားပေးအပ်ခဲ့သည်။
နိုင်ငံတကာအဆင့်မီအရေးပေါ်အသက်ကယ်သင်တန်းနှင့်ရှာဖွေကယ်ဆယ်ရေးသင်တန်း(FireRescue)သင်တန်းကို နိုဝင်ဘာလ ၁၃ ရက်နေ့မှ၂၃ ရက်နေ့အထိ လှိုင်းဘွဲ မြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်းရှိ ပန်းဝတ်မှုံပညာခန်းမတွင်ဖွင့်လှစ်ခဲ့ပြီး လှိုင်းဘွဲမြို့နယ်အတွင်းရှိ ကျေးရွာများမှ လူငယ်လူရွယ်များ၊ ရွှေနတ်တောင် လူမှုကယ်ဆယ်ရေးအဖွဲ့၊(သဒ္ဒါဖြူ)အစ္စလာမ် လူမှုကူညီရေးအသင်းတို့မှ လူငယ် သင်တန်း သား(၇၅)ဦး၊ သင်တန်းသူ(၃၅)ဦး၊ စုစုပေါင်း (၁၁၀)ဦးတို့တက်ရောက်ခဲ့ကြပြီး သင်တန်းဆင်းအောင်လက်မှတ်များကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းသန်းက သင်တန်းသားများကိုယ်စား သင်တန်းသားခေါင်းဆောင်ထံပေးအပ်ခဲ့ကြောင်း သိရ သည်။
လင်းသန့်(ပြန်/ဆက်)