မိုးမိတ် နိုဝင်ဘာ ၂၄
လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ဆောင်ကြစို့ နိုင်ငံသားတိုင်း ကိုင်ဆောင်လက်မှတ် တစ်မျိုးမျိုး ရရှိစေရေးအတွက် ပန်းခင်း စီမံချက်အရ ဆောင်ရွက်ပေးလျက်ရှိရာ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မိုးမိတ်မြို့တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဝန်ကြီးဌာနမှ မြို့နယ်ဦးစီးရုံးမှ မြို့နယ်ဦးစီးမှူး ဦးနေလင်းအေးနှင့် ဝန်ထမ်းများက ပန်းခင်းစီမံချက် အကြောင်း သိကောင်းစရာ လက်ကမ်းစာစောင်များဖြန့်ဝေခြင်းကကို ယနေ့နံနက် ၇ နာရီအချိန်က ရွှေဇာလီ ကျေးရွာတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့သို့ဖြန့်ဝေရာတွင် “မြို့နယ်အတွင်းရှိ ဒေသခံတိုင်းရင်းသားများအား ပန်ုခင်းစီမံချက်အကြောင်းကို ကျယ်ကျယ်ပြန့်ပြန့်သိရှိစေပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးနေသည့် အခြေ အနေများ၊ မြို့နယ်အတွင်းရှိ နိုင်ငံသားစိစစ်ရေး ကတ်ပြားမရရှိ သေးသောသူများသည်လည်း မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူအင်အားဆိုင်ရာ ဦးစီးဌာနရုံး၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် ဆက်သွယ်၍ လာရောက်ဆောင်ရွက် နိုင်ပါကြောင်း” မြို့နယ်ဦးစီးမှူး ဦးနေလင်းအေးက ပြောသည်။
မိုးမိတ်သား