မြစ်သား နိုဝင်ဘာ ၂၄
မန္တလေးတိုင်း ဒေသကြီး၊ မြစ်သားမြို့နယ်တွင် ပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများ အားနေ့ထူး နေ့မြတ်များအကြောင်းသိရှိစေရန်နှင့် ဗဟုသုတရရှိစေရန် ရည်ရွယ်၍ (၁၀၁)နှစ်မြောက် အမျိုးသား အောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ယနေ့ နံနက်(၁၀) နာရီက မြစ်သားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ(တာဝန်ပေး) ဒေါ်သီတာအောင်နှင့်ဝန်ထမ်းများက အ.ထ.ကမြို့မအခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းသား/ ကျောင်းသူများ၊ လူစည်ကားရာနေရာများနှင့်မြို့မစျေးအတွင်း သွားရောက်၍ အခမဲ့ ဖြန့်ဝေပေး ခဲ့ကြောင်းသိရသည်။
အဆိုပါ သတင်းစကားလက်ကမ်းစာစောင်တွင် ၂၀၂၁ ခုနှစ် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်များ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၂၀၂၁ခုနှစ်၊ ဧပြီလ၁၁ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများအား တွေ့ဆုံပြောကြားသည့် အမှာစကားမှ ကောက်နှုတ်ချက်၊ အေးအတူပူအမျှ၊ ရန်ကုန် ယူနီဗာစီတီ အက်ဥပဒေကို သပိတ်မှောက်ရန်သစ္စာဆို အဓိဌာန်ပြုကြသော ကျောင်းသားကြီး(၁၁)ဦး၊ အမျိုးသားရေးစိတ်ဓါတ်၊ အမျိုးသားအောင်ပွဲနေ့အဖြစ်စတင်ဖြစ်ပေါ်လာပုံ သမိုင်းအကြောင်းဆောင်းပါး၊ ရေနံ့သာ မောင်ကျော်ညွန့်ရေးသားသည့် ဘုန်းရှင့်မြန်မာ တို့မြန်မာ ကဗျာနှင့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်ဆောင်ပုဒ်များ စသည့်ဗဟုသုတရစေမည့် အကြောင်း အရာများ ပါဝင်ကြောင်းသိရသည်။
မြမြမွန်(ပြန်/ဆက်)