မတ္တရာ နိုဝင်ဘာ ၂၄
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ မတ္တရာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ခု ပထမ(၆)လ ဘတ်ဂျက် ဘဏ္ဍာရေးနှစ်အတွင်း စကားပင်ကျေးရွာ၊ ကင်းကျေးရွာ၊ တောပုကျေးရွာနှင့် မြစ်တိမ်ကျေးရွာတို့တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးလက်ကုန်ထုတ်လမ်းနှင့် ကျေးလက်ရေပေးဝေရေးလုပ်ငန်းများကို တင်ဒါအောင်မြင်သည့် ကုမ္ပဏီများနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့က မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအခမ်းအနားတွင် မတ္တရာမြို့နယ် မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရသိန်းမှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ဗိုလ်ဗိုလ်မှ အကောင်အထည်ဖော် ဆောင်ရွက်မည် လုပ်ငန်းများနှင့် ပတ်သက်၍ ဆွေးနွေးပြောကြားခဲ့သည်။ထို့နောက် တင်ဒါအောင်ကုမ္ပဏီများ၏ တာဝန်ရှိသူများမှ ဆောင်ရွက်မည့်လုပ်ငန်းအခြေအနေများကို ရှင်းလင်းတင်ပြခဲ့သည်။
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် စကားပင်ကျေရွာတွင် အရှည်၅၂၈၀'× အကျယ် ၁၂'×ထု၂'-၉"ရှိ မြေသားတင် ဂျင်းခင်းခြင်းလုပ်ငန်းကို ရွှေယောမြေကုမ္ပဏီမှ ကျပ် ၆၆.၁၆၀သန်းဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကာ ကုန်ထုတ်လမ်းပြီးစီးပါက တောင်သူ(၂၅၀)ဦး၏ လယ်မြေ ၁၀၀၀ဧက အား အကျိုးပြုနိုင်မည်ဖြစ်သည်။ ကင်းကျေးရွာတွင် ၄ "× ၇၀၀'စက်ရေတွင်း၊ တောပုကျေးရွာတွင် ၄"× ၃၀၀'စက်ရေတွင်းတို့ကို ၅'×၅'×၇' ရေစက်ရုံ၊ ဂါလံ ၂၄၀၀ဆံ့ စင်မြင့်ရေစင်နှင့် မြစ်တိမ် ကျေးရွာတွင် ၂ "× ၃၀၀၀'စက်ရေတွင်း၊ ရေပိုက်လိုင်းသွယ်တန်းခြင်းလုပ်ငန်းများကို စုစုပေါင်း ကျပ် ၅၉.၉၁၃သန်းဖြင့် Be Hope World Co;ltd မှ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။
စိုးကျော်သူထွေး(မတ္တရာ)