တံတားဦးမြို့နယ် လူထုအခြေပြု ဗဟိုဌာနတွင် စာဖတ်ဝိုင်းကျင်းပ

တံတားဦး   နိုဝင်ဘာ   ၂၄

ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာအုပ် စာစောင် ချစ်မြတ်နိုးသူများအသင်းတို့ ပူးပေါင်းပြီး  စာရေးဆရာမ ခင်စောတင့် ရေးသားသော  “ ခက်ခဲ ကျပ်တည်းသောအချိန်မှာ စိတ်ချမ်းမြေ့စရာ" စာအုပ်အား  စာဖတ်ဝိုင်းဆွေးနွေးခြင်းကို ယနေ့နံနက် (၁၀)နာရီက မြို့နယ်ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပကြောင်း သိရသည်။

စာဖတ်ဝိုင်းဆွေးနွေးပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီဂဌာန မြို့နယ်ဦးစီးမှူး ဦးဘိုမောင်က စာဖတ်ရခြင်း ရွယ်ချက်များနှင့် စာအုပ်ပါအကြောင်းအရာများဖြစ်သည့် “လက်ခံအသိ အမှတ်ပြုခြင်း”၊ “လက်လွှတ်လိုက်ပါ” စသည့်အကြောင်းအရာများကိုလည်းကောင်း၊ မြို့နယ်စာအုပ် စာစောင် ချစ်မြတ်နိုးသူများအသင်း အတွင်းရေးမှူး ဝေအောင်(အင်းဝ)က “ အကျပ်အတည်းများကို အောင်နိုင်ခြင်း”၊ “အခက်အခဲများကိုကျော်ဖြတ်ခြင်း”နှင့် “ ကျေးဇူးတင်ခြင်း” စသည့်အကြောင်းအရာ များကို အသီးသီးဆွေးနွေး ကြရာ တက်ရောက်လာကြသော စာပေဝါသနာရှင်များက အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်းသိရသည် ။

အဆိုပါစာဖတ်ဝိုင်းဆွေးနွေးပွဲကို ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးလမ်းညွှန်ချက်များနှင့်အညီ ကျင်းပရာ စာပေဝါသနာရှင်များ၊  စာဖတ်ဝါသနာရှင်များနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း အဖွဲ့ဝင်များ တက်ရောက်ကြကြောင်းသိရသည် ။

ရဲတင့်(တံတားဦး)