နာဂဒေသ၊ ဆွမ္မရာမြို့ လူထုအခြေပြုဗဟိုဌာန၌ စကားပုံဆက်ပြိုင်ပွဲကျင်းပ

ဆွမ္မရာ   နိုဝင်ဘာ   ၂၄

စစ်ကိုင်းတိုင်းဒေသကြီး၊  နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆွမ္မရာမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကလေးများ ကာယ၊ ဉာဏဖွံ့ဖြိုးစေရန် ရည်ရွယ်၍ ယမန်နေ့နံနက် ()နာရီအချိန် က စကားပုံဆက်ပြိုင်ပွဲကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးမှူး ဦးစနေမောင် က စကားပုံဆက်ပြိုင်ပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၍မူလတန်းအဆင့် စကားပုံဆက်ပြိုင်ပွဲကျင်းပရာ ပထမ၊ ဒုတိယ၊ တတိယဆု ရရှိသူများကို  ပြန်/ဆက်ဦးစီးမှူးနှင့် တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

စနေမောင်မောင်(ဆွမ္မရာ)