ထန်းတပင်(ပဲခူး) နိုဝင်ဘာ ၂၄
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် စာအုပ်စာပေချစ်မြတ်နိုးသူများ အသင်းနှင့် ပူးပေါင်းကာ (၁၀၁)နှစ်မြောက်အ မျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အသိပညာပေး (Talk Show) နှင့် စာအုပ်ပြပွဲကို လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက်ပိုင်းက ကျင်းပသည်။
အဆိုပါ အသိပညာပေး (Talk Show) ဆွေးနွေးပွဲတွင် ထန်းတပင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်သဇင်က အသိပညာပေး (Talk Show) ကျင်းပပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် စာအုပ်စာပေ ချစ်မြတ်နိုးသူ အသင်းမှ ဦးခင်မောင်ညွှန့်က တန်ဆောင်မုန့်လပြည့်ကျော် (၁၀)ရက်နေ့အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံသမိုင်းကြောင်းကို အနာဂတ်မျိုးဆက်သစ်လူငယ်များ ဗဟုသုတရရှိစေရန် အကျယ်တဝင့် ဆွေးနွေးပြီး၊ ဦးဖိုးကိုက အမျိုးသားအောင်ပွဲနေ့ အကြောင်းကို ကဗျာဆရာများ တင်စားထားပုံ အကြောင်းကို ဆွေးနွေး ပြောကြားသည်။
ဆက်လက်ပြီး (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် စာအုပ်ပြပွဲကို ကျင်းပခဲ့ရာ စာပေဝါသနာရှင်များ လာရောက်ကြည့်ရှု အားပေးပြီး ထန်းတပင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဝန်ထမ်းများက စာအုပ်အမျိုးအစားနှင့် စာပေဆိုင်ရာများ ရှင်းလင်း ပြောကြားသည်။
ထန်းတပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် ပြည်သူများ အသိပညာ ဗဟုသုတ တိုးပွားစေရေးအတွက် အသိပညာပေး (Talk Show) များ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး လုပ်ငန်းများနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး အသိပညာပေး လုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိကြသည်။
မြို့နယ်(ပြန်/ဆက်)