ပုလော နိုဝင်ဘာ ၂၅
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင် ပုလောမြို့ စည်ပင်သာယာဈေးကြီးအတွင်းနှင့် စားသောက်ဆိုင်များ၌ ကိုဗစ်-၁၉ စည်းကမ်းချက် များနှင့်အညီ ရောင်းချခြင်းရှိ၊ မရှိကို ယနေ့နံနက်ပိုင်းက ကွင်းဆင်း စစ်ဆေး ခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ပုလောမြို့နယ်အထွေထွေအုပ်ချုပ်ရေးဌာနမှ ဒုတိယဦးစီးမှူး ဦးဝင်းချို၊ ရဲမှူး ဦးအုန်းလွင်၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့၊ မြို့နယ် မီးသတ်ဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဌာနနှင့် ပြန်/ဆက် ဦးစီးဌာနတို့ ပူးပေါင်း၍ ဈေးအတွင်း ရောင်းသူ ဝယ်သူအားလုံး နှာခေါင်းစည်း (Mask) များအား မဖြစ်မနေကြ တပ်ဆင်ရန်၊ တစ်ဦးနှင့် တစ်ဦးခပ်ခွာခွာ နေထိုင်ကြရန် ၊ မကြာခဏ လက်ဆေးကြရန်နှင့် နေ့စဉ်မရှိမဖြစ် အသုံးလိုသော စားသောက်ကုန်များကိုသာ ရောင်းချကြရန်နှင့် အခြားကုန်ပစ္စည်းများ ရောင်းသော ဆိုင်များကို ယာယီပိတ်ထားကြရန်နှင့် စျေးရောင်းသူများ အနေဖြင့် ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှု ရှိ /မရှိ တို့ကို စစ်ဆေးခဲ့ကြောင်း သိရသည်။
အေးအေးမော်(ပုလော ပြန်/ဆက်)