ရွှေတိဂုံစေတီတော်မြတ်ကြီးအား ရုံးပိတ်ရက်များတွင် ဖူးမြော်ချိန် တိုးမြှင့်ဖွင့်လှစ်မည်

ရန်ကုန် နိုဝင်ဘာ ၂၅

ရွှေတိဂုံစေတီတော်မြတ်ကြီးအား ဘုရားဖူးပြည်သူများ ဖူးမြော်ကြည်ညိုနိုင်ရန်အတွက် စနေ၊ တနင်္ဂနွေနှင့် အများပြည်သူရုံးပိတ်ရက်(အစိုးရရုံးပိတ်ရက်)များတွင် နံနက်(၅)နာရီမှ ည(၇)နာရီထိ ဖူးမြော်ချိန် တိုးမြှင့် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က၊ ယနေ့တွင် အသိပေး ကြေညာထားသည်။

ရုံးပိတ်ရက်မဟုတ်သည့် ပုံမှန်နေရက်များတွင် နေ့စဉ် နံနက် (၅)နာရီမှ ညနေ (၆)နာရီ ဖွင့်လှစ်ထားပြီး အများပြည်သူများအား ကိုဗစ်-၁၉​ရောဂါ ကျန်းမာရေး စည်းကမ်းချက်များနှင့်အညီ လာရောက် ဖူးမြော် နိုင်ကြောင်း သိရှိရသည်။