စစ်ကိုင်း နိုဝင်ဘာ ၂၅
စစ်ကိုင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၂၈ရက်နေ့တွင် ကျရောက်မည့်(၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် " သတင်း စကား" လက်ကမ်းစာစောင်များကို လူစည်းကားရာနေရာများဖြစ်သော မြို့မဈေး၊ ရွှေမင်း ဝံရပ်ကွက်၊ ရွှေမင်းဝံလေ့ကျင့်ရေးအထက်တန်းကျောင်း၊ ၂၃.၁၁.၂၀၂၁ ရက်နေ့တွင်လည်းကောင်း၊ အ.လ.က-ခွဲ (ပါရမီ၊ အ.ထ.က(၁)မြို့မကျောင်းများသို့ ၂၄.၁၁.၂၀၂၁ ရက်နေ့တွင်လည်းကောင်း၊ ခရိုင်ဒုတိယ ဦးစီးမှူးနှင့် ဝန်ထမ်းများအား သွားရောက်ဖြန့်ဝေပေးခဲ့ကြသည်။
အဆိုပါ လက်ကမ်းစာစောင်တွင် အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံသမိုင်းအကျဉ်း၊ ဗိုလ်ချုပ် အောင်ဆန်း ၂၀.၁.၁၉၄၆ ရက်နေ့ ဖဆပလ အဖွဲ့ချုပ်ကြီးကို နိုင်ငံလုံးဆိုင်ရာ ညီလာခံတွင်ပြောကြား သည့် မိန့်ခွန်းကောက်နှုတ်ချက်များ၊ ရန်ကုန် ယူနီဗာစတီအက်ဥပဒေကို သပိတ်မှောက်ရန် သစ္စာဆို အဓိဌာန်ပြုကြသော ကျောင်းသားကြီး(၁၁)ဦး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၁၁.၄.၂၀၂၁ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား တွေ့ဆုံပြောကြားသည့်အမှာ စကားမှ ကောက်နုတ်ချက်များ၊ အမျိုးသားရေးစိတ်ဓါတ်နှင့် အမျိုးသားပညာရေး အဓိပ္ပါယ်ဖွင့် ဆိုချက်များ၊ ၂၀၂၁ ခုနှစ်၊ (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်(၄)ရပ်နှင့် ရေနံ့သာ မောင်ကျော် ညွှန့်ရေးသားသည့် " ဘုန်းရှင့်မြန်မာတို့မြန်မာ "ကဗျာ စသည့်အကြောင်းအရာစုံကို ဝေဝေဆာ ဆာဖြင့် ဖော်ပြပါရှိကြောင်းသိရသည်။
ခရိုင်ပြန်/ဆက်