ဆီဆိုင် နိုဝင်ဘာ ၂၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်အတွင်း အသက် (၁၂) နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယ အကြိမ် ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၉ နာရီခန့်က သတ်မှတ်စုရပ် နေရာဖြစ်သည့် ဘုရားဖြူ အခြေခံပညာအထက်တန်းကျောင်း၌ ဆေးထိုးအဖွဲ့များဖြင့် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကာကွယ်ဆေးထိုးနှံခြင်းမပြုမီ ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန် တိုင်းတာ ပေးခြင်း နှင့် သွေးတွင်းအောက်ဆီဂျင် ပါဝင်မှုတိုင်းတာပေးခြင်းတို့ကို မြို့နယ်ကျန်းမာရေး းစီးဌာနမှ ဝန်ထမ်းများက စနစ်တကျ ဆောင်ရွက်ပေး၍ ပုံမှန်အနေအထားရှိမှသာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို စနစ်တကျထိုးနှံပေးလျက်ရှိပြီး ကာကွယ်ဆေးထိုးနှံပြီးသူများကိုလည်း မိနစ် ၃၀ ခန့် အနားယူစောင့်ကြည့်ပြီးမှ ပြန်လည်ထွက်ခွာစေခဲ့ကြောင်းသိရသည်။
အဆိုပါ ဆောင်ရွက်နေမှုများကို ပညာရေးဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူး များနှင့်တာဝန်ရှိသူများ၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များ၊ Volunteer များတို့က ပူးပေါင်း ဆောင်ရွက်ပေးခဲ့ကြပြီး ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသည့် မြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများမှ အသက် ၁၂ နှစ် နှင့်အထက် ကျောင်းသား၊ ကျောင်းသူများကို စုရပ်နေရာများတွင် သတ်မှတ်ရက် များအလိုက် ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီး ဌာနမှ သိရသည်။
မျိုးမြတ်(ဆီဆိုင်)