ရေနံချောင်း နိုဝင်ဘာ ၂၅
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ရေနံချောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ လူမှုရေး အသင်းအဖွဲ့များ စုပေါင်း၍ (၁၃)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် အလှူပွဲကို ယမန်နေ့ နံနက်ပိုင်းက ရေနံချောင်းမြို့ မြို့မတောင်ရပ်ကွက် စနေနံကျောင်းတိုက်၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆိုဖွင့်လှစ်ပြီး ရေနံချောင်းမြို့ ရွှေတောင်ပါဠိတက္က သိုလ်ကျောင်းတိုက် မြို့နယ်သံဃနာယက အဖွဲ့ဥက္ကဋ္ဌ ဆရာတော် မဟာဂန္တဝါစကပဏ္ဍိတ ဘဒ္ဒန္တရေဝတ အရှင်သူမြတ်ထံမှ တက်ရောက်လာသော ဧည့်ပရိတ်သတ် အပေါင်းတို့က ငါးပါးသီလခံယူ ဆောက်တည်ကာ အန္တရာယ်ကင်း ပရိတ်တရားတော်များကို နာယူကြသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲလင်းအောင်နှင့်ဇနီး၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်လင်းနှင့် အလှူရှင်များက ပင့်သံဃာ (၂၁)ပါးတို့အား ကထိန်သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းပြီး ကထိန် အနုမောဒနာတရား နာယူကာ လှူဒါန်းမှုအစုစုအတွက် ရေစက် သွန်းချအမျှပေးဝေခဲ့ကြသည်။
ရေနံချောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၏ ဦးဆောင်မှုဖြင့် (၁၃)ကြိမ်မြောက် စုပေါင်း မဟာဘုံကထိန် အလှူပွဲတွင် ကထိန်သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်း တန်ဖိုးငွေ ၇၂၀၀၀၀ ကျပ်၊ ငွေသား ၁၉၇၀၀၀၀ ကျပ် စုစုပေါင်းတန်ဖိုးငွေ ၂၆၉၀၀၀၀ ကျပ် လှူဒါန်း ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)