အမြို့မြို့အနယ်နယ်သတင်းများ

Nov 26,2021
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြည်သူ့ဆေးရုံအစည်းအဝေးခန်းမတွင် ASEAN HEALTH မှ လှူဒါန်းသော Oxygen Concentrator နှင့် Oxygen Cylinder များ လှူဒါန်းပေးအပ်ပွဲအခမ်းအနားကို ယနေ့နေ့လည် (၁)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Nov 26,2021
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနက ထုတ်ဝေသော (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ သတင်းစကား လက်ကမ်းစာစောင် များကို ယမန်နေ့နံနက်(၉)နာရီက ရွှေသောင်ယံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ပြည်သူများထံသို့ လိုက်လံဖြန့်ဝေပေးခဲ့ကြသည်။
Nov 26,2021
မန္တလေးခရိုင်၊  မဟာ‌အောင်မြေမြို့နယ်တွင် အသက် ၁၈ နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး Sionpharm ဒုတိယအကြိမ် ထိုးနှံပေးခြင်းကို ယနေ့ နေ့နံနက်ပိုင်းက ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကျန်းမာရေးဝန်ထမ်းများက စုရပ်များအလိုက်ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။ 
Nov 26,2021
ကရင်ပြည်နယ်၊မြဝတီမြို့နယ်အတွင်းရှိ ပထမအသုတ်ဒုတိယအကြိမ်နှင့် ဒုတိယအသုတ်ဒုတိယ အကြိမ် ထိုးရန်ကျန်သောအခြေခံပညာကျောင်းများမှ အသက် ၁၂ နှစ် အထက်ရှိသော ကျောင်း သား/ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးဆက်လက်ထိုးနှံပေးခြင်းကို ယနေ့ နံနက်(၉)နာရီအချိန်ခန့်က မြဝတီမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ထိုးနှံပေးသည်။
Nov 26,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ စားသုံးသူပြည်သူများ ဆီအလွန်အကျွံ စားသုံးခြင်းမှ ရှောင်ကြဉ်နိုင်စေရန်နှင့် ကျန်းမာရေးနှင့် ညီညွတ်သည့် ဆီစားသုံးမှု အလေ့အကျင့်ကောင်းများ ရရှိစေရန် ရည်ရွယ်၍ စားသုံးသူများ ကျန်းမာစေဖို့ ဆီစားသုံးမှုလျှော့ချစို့ ဆောင်းပါးအား ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ယနေ့ နံနက်ပိုင်းက Online မှတစ်ဆင့်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။