ထားဝယ် နိုဝင်ဘာ ၂၆
”အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ဖို့၊ ယခုပင်ဆောင်ရွက်စို့” ဆောင်ပုဒ်နှင့်အညီ အမျိုးသမီး များအပေါ်အကြမ်း ဖက်မှုပပျောက်ရေး(၁၆)ရက်တာလှုပ်ရှားမှု အထိမ်းအမှတ်အခမ်းအနားကို ယနေ့ နံနက်၁၀ နာရီ က တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ မြို့တော်ခန်းမ၌ကျင်းပသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမြတ်ကို က ပြည်သူလူထုအတွင်းမတူကွဲပြား သူများအားအကြမ်း ဖက်မှုများ၊လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများ၊ အိမ်တွင်းအကြမ်းဖက်မှုများကြောင့် နောက်ဆက်တွဲဖြစ်ပေါ်လာသောလူမှုရေးပြဿနာများ၊ကျန်းမာရေးပြဿနာများကိုရင်ဆိုင်နေရကြောင်း၊ကျန်းမာရေးအသိပညာများရရှိစေရန်အတွက်လည်းကောင်း၊ပြစ်မှုပြစ်ဒဏ်ပိုင်းဆိုင်ရာနှင့်ဆက်စပ်၍အသိပညာရရှိစေရန်လည်းကောင်း၊ ဥပဒေနှင့်တရားစီရင်ရေးဆိုင်ရာများအားသိရှိ နို်ငကြစေရန် လည်းကောင်း၊ ကလေးသူငယ်အခွင့်အရေး(၄)ရပ်အားသိရှိပြီး ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အကြောင်း အရာများကိုပြည်သူလူထု ကျယ်ကျယ်ပြန့်ပြန့်သိရှိနားလည်စေရန် အတွက်လည်းကောင်း ရည်ရွယ်၍ ကျင်းပပြုလုပ်ခြင်းဖြစ် ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ၂၀၁၈ခုနှစ်ကစ၍အမျိုးသမီးများ အပေါ်အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှု အခမ်းအနားကိုကျင်းပခဲ့ကြောင်း၊ ယနေ့ ပြည်သူလူထုအတွင်းကျားမခွဲခြားမှုအပေါ်အခြေခံသော အကြမ်းဖက်မှုပုံစံ အမျိုးမျိုး ရှိရာရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ စိတ်ပိုင်းဆိုင်ရာအကြမ်းဖက်မှု၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု၊ စီးပွားရေးဆိုင်ရာ အကြမ်းဖက်မှုနှင့်ယနေ့ခေတ်အင်တာနက်အွန်လိုင်းမှအကြမ်းဖက်မှုတို့ရှိရာပုံစံအမျိုးမျိုးဖြင့်အကြမ်းဖက်မှုများကြောင့် ဖြစ်ပေါ်လာသော နောက်ဆက်တွဲဖြစ်ပေါ်လာသောလူမှုရေးပြဿနာများ အား မဖြစ်ပွား စေရန်နှင့် ဖြစ်ပွားလာပါကလည်း နှစ်ဦးနှစ်ဖက်တာဝန်ယူမှု၊ တာဝန်ခံမှုများဖြင့် မေတ္တာတရားရင်မှာ ထား၍ လူသားအချင်းချင်း စာနာ၊ နားလည် ကိုယ်ချင်းစာ တရားများနှင့် နေထိုင်လုပ်ကိုင် ဆောင်ရွက် ကြရင်း သာယာချမ်းမြေ့သော လူ့ဘောင်အဖွဲ့အစည်းတည်ဆောက်သွား ကြရန် လိုအပ်ကြောင်း ပြောကြားသည်။
ထိုနောက်တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးမှူးဦးထွန်းထွန်းနိုင်က အကြမ်းဖက်မှုများနှင့်ပတ်သက်၍ ဆွေးနွေး တင်ပြပြီး ထားဝယ်မူလတန်းကြိုကျောင်းမှ ကလေးငယ်များက ရွှေမြန်မာသီချင်းဖြင့် လည်းကောင်း၊ အမျိုးသမီးငယ်များက ထာဝရသီချင်းဖြင့်လည်းကောင်းဖျော်ဖြေတင်ဆက်ကပြရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၊ တရားလွှတ်တော် တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီး များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ကြည့်ရှု့အားပေးခဲ့ကြောင်းသိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)