ရွှေသောင်ယံ နိုဝင်ဘာ ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနက ထုတ်ဝေသော (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ သတင်းစကား လက်ကမ်းစာစောင် များကို ယမန်နေ့နံနက်(၉)နာရီက ရွှေသောင်ယံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ပြည်သူများထံသို့ လိုက်လံဖြန့်ဝေပေးခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် အ.ထ.က ရွှေသောင်ယံရှိ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ရပ်ကွက်များအတွင်းရှိ လမ်းသွား လမ်းလာများ၊ ဈေးဆိုင်သမားများအား လိုက်လံဖြန့်ဝေပေးခဲ့သည်။ အဆိုပါ လက်ကမ်းစာစောင်တွင် အမျိုးသားအောင်ပွဲနေ့ခေါင်းစဉ်ဖြင့် အမျိုးသားအောင်ပွဲနေ့အကြောင်း သိမှတ်စရာစာစု၊ ဗိုလ်ချုပ်အောင်ဆန်း၏ ၂၀-၁-၁၉၄၆ ရက်နေ့ ဖဆပလအဖွဲ့ချုပ်ကြီး၏ နိုင်ငံလုံးဆိုင်ရာညီလာခံတွင်ပြောကြားသည့် မိန့်ခွန်းမှ ကောက်နှုတ်ချက် စာစု၊ ရန်ကုန်ယူနီဗာစီတီ အက်ဥပဒေကို သပိတ်မှောက်ရန် သစ္စာဆိုအဓိဌာန်ပြုကြသော ကျောင်းသားကြီး (၁၁)ဦး၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၁၁.၄.၂၀၂၁ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား တွေ့ဆုံပြောကြားသည့် အမှာစကားမှ ကောက်နှုတ်ချက်၊ အမျိုးသားရေးစိတ်ဓါတ် ခေါင်းစဉ်ဖြင့်စာစု၊ ရေနံ့သာမောင်ကျော်ညွန့် ရေးသားသည့် ဘုန်းရှင့်မြန်မာတို့မြန်မာကဗျာ၊ ၂၀၂၁ ခုနှစ်(၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်များ၊ အမျိုးသားပညာရေး ခေါင်းစဉ်ဖြင့် (၉၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သဝဏ်လွှာမှကောက်နှုတ်ချက် စသည်ဖြင့် အမျိုးသားအောင်ပွဲနေ့နှင့်သက်ဆိုင်သည့် အကြောင်းအရာများအား ထည့်သွင်းဖေါ်ပြထားကြောင်း တွေ့ရသည်။
ကိုကိုမောင်