အမြို့မြို့အနယ်နယ်သတင်းများ

Nov 26,2021
ရှမ်းပြည်နယ်(တောင်ပိုင်း) ၊ လင်းခေးခရိုင် ၊ မောက်မယ်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက နိုဝင်ဘာလ (၂၈)ရက်နေ့တွင်ကျရောက်မည့် (၁၀၁)နှစ် မြောက် အမျိုးသားအောင်ပွဲနေ့အထမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို  ဤမြို့နယ်အတွင်းရှိ ဒေသခံကျောင်းသားကျောင်းသူနှင့် မိဘပြည်သူများအား ကျယ်ကျယ် ပြန့်ပြန့်သိရှိရန်အတွက် ယနေ့ နံနက်၈နာရီခွဲကမြို့မစျေးရှေ့နှင့်မင်းလမ်းတစ်လျောက် ကျန်းမာရေးဝန်ကြီးဌာန၏ COVID-19ရောဂါ ကာကွယ်ထိန်းချုပ်ရေး ညွှန်ကြားချက်များနှင့် အညီ အခမဲ့ဖြန့်ဝေဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Nov 26,2021
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုလျော့နည်းစေရေးအတွက် အသိပညာပေးနှိုးဆော်မှုများအား ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက ဝေါမြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများရှိ လူစည်ကာသည့်လမ်းဆုံလမ်းခွနေရာများတွင် ဝေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက အသိပညာပေး လိုက်လံနှိုးဆော်ခဲ့ကြောင်းသိရသည်။
Nov 26,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှကျောင်းသား၊ ကျောင်းသူများ ကျန်းမာကြံ့ခိုင်ကာ အားကစားကိုစိတ်ပါဝင်စားပြီး မူးယစ်ဆေးဝါး သုံးစွဲခြင်းမှ ရှောင်ရှားနိုင်စေရန်နှင့် နိုင်ငံ့ဂုဏ်ဆောင်နိုင်မည့် အားကစားသမားများ ပေါ်ထွန်း လာစေရန် ရည်ရွယ်၍ အမှတ်(၄) အခြေခံပညာအလယ်တန်းကျောင်းခွဲရှိ ကျောင်းသား၊ ကျောင်းသူ များအား  အားကစားဆိုင်ရာ အသိပညာပေး ဟောပြောပွဲနှင့် အားကစားပစ္စည်းများ ထောက်ပံ့ ပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းက အဆိုပါကျောင်းတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Nov 26,2021
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင် ဒေါပုံမြို့နယ်တွင်၂၀၂၁ ခုနှစ် (၁၀၁) နှစ်မြောက် အမျိုသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက မြို့နယ်ဌာနဆိုင်ရာများ၊ အခြေခံပညာအထက်တန်းကျောင်းနှင့် ပြည်သူများထံသို့ အခမဲ့ဖြန့်ဝေပေးခဲ့သည်။
Nov 26,2021
(၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အကြိုအထိမ်းအမှတ်အဖြစ် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ ခရိုင်ပြည်သူ့စာကြည့်တိုက်၊ လူထုအခြေပြုဗဟိုဌာန( Community Centre ) ခန်းမ၌  နိုဝင်ဘာ ၂၅ ၊ မွန်းလွဲ ( ၂) နာရီက ( Talk  Show )  ကျင်းပပြုလုပ်ခဲ့သည်။
Nov 26,2021
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါလေမြိုင်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမရှိစေရေးအတွက်  ကြိုတင်ကာကွယ်ရေး အသိပေးချက်များနှင့် ကာကွယ်ဆေးထိုးနှံကြရန် နှိုးဆော်မှုများအား အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၁၀ နာရီက  ရပ်ကွက်များအတွင်း (Hand Speaker) ဖြင့် လိုက်လံနှိုးဆော်ခဲ့သည်။
Nov 26,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးရန် ကျန်ရှိနေ သည့် ပြည်သူများ ကာကွယ်ဆေးထိုးရာတွင် အဆင်ပြေစေရေးအတွက် စုကြီးရပ်ကွက်၊ မြို့တော်ခန်းမ တွင် ယနေ့နံနက်(၉)နာရီခွဲက စတုတ္ထအသုတ်(ပထမ)အကြိမ်နှင့် တတိယအသုတ် (ဒုတိယ)အကြိမ် အဖြစ် နေရာ(၂)နေရာခွဲပြီး ကိုဗစ်-၁၉ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရ သည်။