အမြို့မြို့အနယ်နယ်သတင်းများ

Nov 29,2021
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm ပထမအကြိမ် ထိုးနှံထားသူ ၁၈၉၅ ဦးတို့အား ဒုတိယအကြိမ်အဖြစ် ယမန်နေ့ နံနက် ၉ နာရီက ဒုတိယ အကြိမ်အဖြစ် သတ်မှတ်ဆေးထိုးစုရပ် ၅ ရပ်တို့တွင် ဆက်လက်ထိုးနှံပေးခဲ့ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ထံမှ သိရသည်။
Nov 29,2021
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ မတ္တရာမြို့နယ်တွင် မြို့နယ်လုံခြုံရေးနှင့် ယာဉ်စည်းကမ်း လမ်းစည်းကမ်း စစ်ဆေးခြင်းကို  ယနေ့ နံနက်ပိုင်းမှစ၍  မြို့အဝင် စစ်ဆေးရေးဂိတ်တွင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Nov 29,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်ရှိ မန်းရွှေစက်တော်ဘုရားကြီးတွင် အပတ်စဉ် စနေ၊ တနင်္ဂနွေနှင့် အစိုးရရုံးပိတ်ရက်များ၌ အနယ်နယ်အရပ်ရပ်မှ ရဟန်း ရှင်လူ ဘုရားဖူး မိဘပြည်သူများက လာရောက်ဖူးမြော်ကြည်ညိုလျက်ရှိပြီး ယခုတစ်ပတ် အမျိုးသားနေ့ ရုံးပိတ်ရက်များတွင်လည်း ဘုရားဖူးလာရောက်လည်ပတ်ကြသူများဖြင့် စည်ကားခဲ့ကြောင်း မန်းရွှေစက်တော် ဘုရားဂေါပကအဖွဲ့ထံမှ သိရသည်။
Nov 29,2021
မ​ကွေးတိုင်း​ဒေသကြီး​၊ မကွေးခရိုင်၊ ချောက်မြို့နယ်၌ မဲဆန္ဒရှင်စာရင်းပြုစုခြင်း လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယ​နေ့ နံနက် ၉ နာရီအချိန်က မြို့နယ်အုပ်ချုပ်​ရေးမှူး ရုံးခန်းမတွင် သက်ဆိုင်ရာ မြို့နယ်​ရွေး​ကောက်ပွဲ​ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်ဌာနဆိုင်ရာများဖြင့် ကျင်းပပြုလုပ်ခဲ့သည်။
Nov 29,2021
Women’s LEAD အဖွဲ့မှ ဦးဆောင်၍ နမ္မတူမြို့နယ်အတွင်းရှိ ပရဟိတအသင်းအဖွဲ့များ၊ အရပ်ဘက် ဆိုင်ရာ အသင်းအဖွဲ့များ၊ တိုင်းရင်းသားရိုးရာစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ဝင်များ ပူးပေါင်း၍ အမျိုးသမီး များအပေါ် အကြမ်းဖက်မှု ပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှု အခမ်းအနားကို ယနေ့ နံနက် (၉)နာရီ အချိန်က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ ဆိုင်ဂျာကျေးရွာရှိ ကချင်နှစ်ခြင်း ခရစ်ယာန်ဘုရားရှိခိုးကျောင်း၌ ကျင်းပပြုလုပ်သည်။
Nov 29,2021
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်တွင် မြို့နယ်အားကစားဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌဖလား အခြေခံပညာကျောင်းပေါင်းစုံ အေရိုးဗစ်ပြိုင်ပွဲနှင့် Fitness Dance ပြိုင်ပွဲကို ယနေ့ နံနက်က မြို့နယ်အားကစားခန်းမတွင် ကျန်းမာရေးညွှန်ကြားချက်များနှင့် အညီ ကျင်းပလျက်ရှိကြောင်း သိရသည်။
Nov 29,2021
ရခိုင်ပြည်နယ် မြေပုံမြို့ တောင်ပေါ်ရပ်ကွက်ရှိ အသက် ၁၂ နှစ်နှင့် အထက် ဘင်္ဂါလီလူမျိုး ၅၀၀ ဦးအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၁၀ နာရီက  ဆေးထိုး သတ်မှတ်စုရပ်အသီးသီးတွင် စနစ်တကျ စတင်ထိုးနှံပေးသည်။
Nov 29,2021
ကိုဗစ်-၁၉ ရောဂါပိုး​တွေ့ လူနာနှင့် ထိ​တွေ့ခဲ့သည့် သီလရှင် (၉)ပါးအား အာ​ခေါင်တို့ဖတ် ရယူ၍ကိုဗစ်-၁၉ ​ရောဂါပိုး ရှိ/မရှိ စစ်​ဆေးခြင်းကို ယနေ့‌ နေ့လယ် ၁ နာရီက မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၊ ကန်​ကောက်ရပ်ကွက်၊ ၅၉ လမ်းနှင့် ၆၀ လမ်းကြား၊ ၃၁ လမ်းနှင့် ၃၂ လမ်းကြားရှိ ဆူးဖြူသာသနာ့ရိပ်သာတွင် ဆောင်ရွက်ခဲ့သည်။