အမြို့မြို့အနယ်နယ်သတင်းများ

Nov 29,2021
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြု့နယ်တွင် မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခင်ခင်ရွှေနှင့် ဝန်ထမ်းများမှ ရမ်းဗြဲမြို့၊  အမှတ် (၄) ရပ်ကွက်၊ ကင်းတဲရပ်ရှိ ရေလုပ်ငန်း လုပ်ကိုင်လျက်ရှိကြသည့် ပြည်သူများအား ငါးသယံဇာတထိန်း သိမ်းရေးနှင့် ပလတ်စတစ်စွန့်ပစ်ပစ္စည်းများ မြစ်ချောင်းတွင်း စွန့်ပစ်ခြင်း ရှောင်ရှားကြရန်နှင့် မြစ်ချောင်းအင်းအိုင်များ သန့်ရှင်းရေး အသိပညာပေး ဟောပြောခြင်းကို ယမန်နေ့က ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
Nov 29,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာလေမြို့၊ မိုင်းလင်းအနောက်ကျေးရွာအုပ်စု၊ ဝမ်ပိုင်းကျေးရွာ ကွင်းအမှတ် (၆၄) အတွင်း နွေစပါးဧက (၁၃၀) စိုက်ပျိုးရန်  စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူများအား စပါးမျိုးစေ့ ထောက်ပံ့ပေးအပ်ခြင်းနှင့် သိပ္ပံနည်းကျ စိုက်နည်းစနစ်များ ရှင်းလင်းဆွေးနွေး ပွဲကို ယနေ့  နံနက်ပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။
Nov 29,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ် ဟော်ခမ်းကျောင်းတိုက်ဘုန်းတော်ကြီး ကျောင်းတွင် သီတင်းသုံးလျက်ရှိသည့် သံဃာတော်များအား  ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ ကို RDT Test Kit ဖြင့် အခမဲ့ စစ်ဆေးပေးခြင်းကို ယနေ့ နံနက် (၈) နာရီခန့်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Nov 29,2021
ကချင်ပြည်နယ်၊ ဗန်းမော်မြို့ရှိ ခရီးသည်ပို့ဆောင်ရေး မော်တော်ယာဉ် ဂိတ်များနှင့် ကုန်စည်ပို့ဆောင်ရေး မော်တော်ယာဉ်ဂိတ်များ၊ မြို့တွင်း၌ သွားလာနေသည့် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ယနေ့ နံနက် ၈ နာရီခွဲက ဗန်းမော်ခရိုင် ပို့ဆောင်ရေး စီမံကိန်းဦးစီးဌာနနှင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအသိပညာပေးခြင်းနှင့် Mask Campaign ပြုလုပ်ခဲ့ကြောင်း သိရသည်။
Nov 29,2021
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်၊ နယ်စပ်ဒေသ မိုင်းယုမြို့ အတွင်းရှိ   အသက်(၁၈)နှစ်အထက် ပြည်သူများကို ယနေ့ နံနက် ၈ နာရီက   မြို့မ ရပ်ကွက်ရှိ ကားကြီးကွင်း၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinopharm) စတုထ္ထအသုတ် ပထမအကြိမ် ထိုးနှံပေးခဲ့ကြသည်။
Nov 29,2021
နိုင်ငံသာယာဝပြောဖို့၊ တိုင်းရင်းသားအားလုံး စည်းလုံးညီညွတ်စို့ ဆောင်ပုဒ်နှင့်အညီ အမျိုးသားနေ့ ဖြစ်ပေါ် လာပုံကိုပြည်သူများ သိရှိနိုင်စေရန် ရည်ရွယ်၍ ယမန်နေ့ နံနက် ၁၀ နာရီ အချိန်က ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဗိုလ်တထောင်မြို့နယ်ရုံးတွင် (၁၀၁) နှစ်မြောက် အမျိုးသားနေ့ အထိမ်းအမှတ် (Talk Show) ကျင်းပပြုလုပ်ခဲ့သည်။
Nov 29,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနှင့် အမျိုးသမီးအသင်း (Women Club) တို့ပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ လက်မှုပညာ (အခြေခံစက်ချုပ်ပညာ ဘောင်းဘီတို/ရှည်ညှပ်နည်း) သင်တန်းကို ယနေ့ နံနက် ၁၀ နာရီက ကိုဗစ်- ၁၉ ကျန်းမာရေး စည်းကမ်းချက်များနှင့်အညီ အခမဲ့ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
Nov 29,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၊ မကျည်းအင်းကျေးရွာ၊ ကွင်းအမှတ် ၄၉၂၊ တောင်သူ ဒေါ်ရွှေဝ၏ မိုးစပါးတင်း ၁၀၀ ထွက်ရှိရေးစံပြကွက်၊ ဧရာမင်းမျိုးစပါး နှစ်ဧကတွင် ယနေ့ နံနက် ၇နာရီက စံကွက်ရိတ်သိမ်းကြောင်း သိရသည်။