ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်တွင် အခြေခံလူတန်းစား၊ လက်လုပ်လက်စား အိမ်ထောင်စုများအား ဆန်ရိက္ခာများ အခမဲ့ဖြန့်ဝေပေးလျက်ရှိ

ဒဂုံ(ဆိပ်ကမ်း) နိုဝင်ဘာ ၃၀

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် အခြေခံလူတန်းစား၊ လက်လုပ်လက်စား အိမ်ထောင်စုများအား ကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP)မှ ထောက်ပံ့၍ မြန်မာနိုင်ငံကြက်ခြေနီအသင်း (MRCS)မှ ဖြန့်ဝေပေးသည့် ဆန်ရိက္ခာများ အခမဲ့ဖြန့်ဝေပေးလျက်ရှိ ကြောင်း သိရသည်။

ဆန်ရိက္ခာများ အခမဲ့ပေးဝေခြင်းကို ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့မှ စတင်၍ ယနေ့အထိ ရပ်ကွက်၊ ကျေးရွာများတွင် တစ်အိမ်ထောင်စုလျှင် တစ်အိတ် (၂၅) ပြည်နှုန်းဖြင့် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။ ဒဂုံဆိပ်ကမ်းမြို့နယ်တွင် လက်လုပ်လက်စား အိမ်ထောင်စုပေါင်း (၆၉၄၄၂) အိမ်ထောင်စုရှိပြီး လူဦးရေ (၂၉၁၃၀၄)အတွက် ဆန်အိတ်စုစုပေါင်း (၆၉၄၄၂)အိတ်အား ခံစားခွင့်ရှိသည့် ပြည်သူများ လက်ဝယ် အရောက် အခမဲ့ဖြန်ဝေပေးခဲ့ကြောင်း သိရသည်။

ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်တွင် ဆန်ရိက္ခာများ အခမဲ့ဖြန့်ဝေခြင်းမှာ ဒုတိယအကြိမ်ဖြစ်ပြီး ဇူလိုင် လတွင် ပထမအကြိမ်အဖြစ် တစ်အိမ်ထောင်စုလျှင် (၁၂) ပြည်နှုန်းဖြင့် ဆန်ရိက္ခာများ အခမဲ့ဖြန့်ဝေပေးခဲ့ ကြောင်း သိရသည်။

လဲ့လဲ့(ပြန်/ဆက်)