ဘုတ်ပြင်း နိုဝင်ဘာ ၃၀
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ဘုတ်ပြင်းမြို့နယ်တွင် မြို့နယ် အားကစားဖွံ့ဖြိုးတိုး တက်ရေးကော်မတီဥက္ကဋ္ဌဖလား အခြေခံပညာကျောင်းပေါင်းစုံ အေရိုးဗစ်ပြိုင်ပွဲနှင့် Fitness Dance ပြိုင်ပွဲ ဆုချီးမြှင့်ပွဲကို ယမန်နေ့ ညနေ ၃ နာရီအချိန်က မြို့နယ်အားကစားခန်းမတွင် ကျန်းမာရေး ညွှန်ကြားချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဆုပေးအပ်ပွဲအခမ်းအနားတွင် အေရိုးဗစ်ပြိုင်ပွဲ ဒုတိယနှင့် Fitness Dance ပြိုင်ပွဲ ဒုတိယ ရရှိသည့် အထက-ပြည်ကြီးမဏ္ဍိုင်ကျောင်းနှင့် အေရိုးဗစ်ပြိုင်ပွဲ ပထမနှင့် Fitness Dance ပြိုင်ပွဲ ပထမ ရရှိသည့် အထက-တောင်ဒဂုံကျောင်းတို့အား ဒိုင်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက တစ်ဦးချင်း လည်ဆွဲဆု ငွေသားဆုများကို အသီးသီးပေးအပ်ခဲ့ပြီး အနိုင်ရဗိုလ်စွဲခဲ့သည် အထက-တောင်ဒဂုံကျောင်းအား တံခွန်စိုက် ဆုဖလားကို ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမင်းအောင်က ပေးအပ်ခဲ့ကြောင်းသိရသည်။
မြို့နယ်( ပြန်/ဆက်)