ကော့သောင်း နိုဝင်ဘာ ၃၀
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ကော့သောင်းမြို့၊ အမျိုးသမီး အိမ်တွင်းမှု သက်မွေးပညာသင်တန်းကျောင်း၊ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ်(၃)သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်(၈)နာရီက သင်တန်းကျောင်းခန်းမ တွင် ကျင်းပပြုလုပ်ရာ တနင်္သာရီတိုင်းဒေသကြီး၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သိန်းလင်း တက်ရောက်သင်တန်းဖွင့်အမှာစကားပြောကြားသည်။
အခမ်းအနားသို့ တနင်္သာရီတိုင်းဒေသကြီး၊ ပညာရေးရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးသန်းဇော်လင်း ကော့သောင်းခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဥက္ကဌ ဦးစိုးအောင်နှင့် ကော့သောင်းမြို့နယ်၊စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ချိုနှင့် ခရိုင်/ မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များမှတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ သင်တန်းကျောင်းအုပ်နှင့်ဆရာမများ၊ သင်တန်းသူ(၃၀)ဦး တက်ရောက်သည်။
အဆိုပါသင်တန်းအား နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနမှ နယ်စပ် ဒေသရှိငယ်ရွယ်သူ အမျိုးသမီးလေးများအား အသက်မွေးဝမ်းကျောင်းပညာအဖြစ် ကိုယ်ပိုင် စီးပွားရေးအဆင့်အထိ လုပ်ကိုင်ဆောင်ရွက်နိုင်ကြပြီး ရေရှည်ဘဝရပ်တည်မှု ရရှိစေရန်နှင့် ဆင်းရဲနွမ်းပါးမှုလျှော့နိုင်ရေး ရည်ရွယ်ကာ နိုင်ငံတော်မှ နယ်စပ်ဒေသများတွင် သင်တန်း ကျောင်းပေါင်း(၅၀)ကျော်ကို ဖွင့်လှစ်ကာ စဉ်ဆက်မပြတ် သင်ကြားပေးလျက်ရှိပြီး သင်တန်း၌ စက်ချုပ်ပညာ၊ လက်မှုပညာ၊ ခေတ်မီမော်တာစက်ချုပ်ပညာအပါအဝင် သိုးမွေးစက်ဆွဲပညာ၊ ကနုကမာကျောက်စီပန်းချီပညာ၊ လက်ယက်ကန်းပညာ၊ ရိုးရာဂျပ်ခုတ်ပညာနှင့် အစား အသောက်နှင့်မုန့်မျိုးစုံ ပြုလုပ်နည်းပညာများကို ဒေသအလိုက် ကိုက်ညီ သည့်ဘာသာရပ်များ အား သင်တန်းကာလ၂၀၂၁ခုနှစ်၊ နိုဝင်ဘာ ၃၀ ရက်နေ့မှ ၂၀၂၂ခုနှစ်၊ မတ် ၃၁ အထိ သင်ကြား ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်စိုး (ကော့သောင်း)