ကျောက်ကြီး၊ ဒီဇင်ဘာ ၁
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့ပေါ်ရှိ စေတီတော်များအား ရောင်တော် ဖွင့်ခြင်း၊ သန်းရှင်းရေးဆောင်ရွက်ခြင်းနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများအား မြို့နယ် မီးသတ် ဦးစီးမှူးဦးစိုးလင်းထွန်းဦးဆောင်ပြီး မီးသတ်တပ်ဖွဲ့ဝင်များက စုပေါင်းဆောင်ရွက်လျက် ရှိကြောင်းသိရသည်။
အဆိုပါမီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့် ကျောက်ကြီးမြို့ပေါ်ရှိ ဘုရား၊ စေတီတော်များ ပရဝဏ်အတွင်း မြက်များ၊ ချုံနွယ်များ၊ အမှိုက်များ သန့်ရှင်းရေးဆောင်ရွက်ခြင်း၊ စေတီတော် ရောင်တော်ဖွင့် ထုံးသင်္ကန်းဆပ်ကပ်ခြင်းနှင့် မြို့ပေါ်ရပ်ကွက်များရှိ အခြေခံပညာ ကျောင်းများအား သန့်ရှင်းရေးဆောင်ရွက်ပေးခြင်း၊ ရေစီးရေလာကောင်းမွန်စေရန် ရေမြောင်း ဖော်ပေးခြင်းစသည့်ပြည်သူ့အကျိုးပြု လုပ်ငန်းများကို သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပူးပေါင်း၍ မိမိတို့အားလပ်ချိန်များတွင် ဆက်လက်၍ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မီးသတ်ဦးစီးမှူး၏ ပြောကြားချက်အရ သိရသည်။
မြို့နယ်ပြန်/ဆက်