နတ်မောက်မြို့၌မဲဆန္ဒရှင်စာရင်းပြုစုခြင်း လုပ်ငန်းများသတ်မှတ်ကာလအတွင်းပြီးစီး နိုင်ရေးဆောင်ရွက်

နတ်မောက်     ဒီဇင်ဘာ    

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့၌မဲဆန္ဒရှင်စာရင်း ပြုစုခြင်းလုပ်ငန်းများ သတ်မှတ်ကာလ အတွင်းပြီးစီး နိုင်ရေးအတွက်ယမန်နေ့နံနက် ၁၀နာရီအချိန်ခန့်က မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် လူဝန်မှုကြီး ကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံး၊ ဦးစီးအရာရှိတို့ကမြို့နယ်ရွေး ကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးသို့သွားရောက်၍ လုပ်ငန်းများ ဆောင်ရွက် နေမှုအားကြည့်ရှု့စစ်ဆေးခဲ့ကြောင်းသိရသည်။

နတ်မောက်မြို့နယ်တွင်အိမ်ထောင်စုဇယားပုံစံ (၆၆/) နှင့်မဲစာရင်းများ တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်း များဆောင်ရွက်နေမှု အခြေအနေများကို မြို့နယ်ကော်မရှင် အဖွဲ့ခွဲရုံးဦးစီးအရာရှိက ရှင်းလင်းပြောကြားခဲ့ပြီး၊ အဆိုပါလုပ်ငန်းများအား ဌာနဆိုင်ရာများဖြင့် ပူးပေါင်း၍သတ်မှတ်ရက်အတွင်း အချိန်မီပြီးစီးရေး ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

လှဝင်း