ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် ပြည်နယ်ကိုဗစ်−၁၉ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်

ဟားခါး ဒီဇင်ဘာ 

ချင်းပြည်နယ်      ကိုဗစ်−၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီက ဟားခါးမြို့ ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ချင်းပြည်နယ် ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် တက်ရောက်အမှာစကားပြောကြားသည်။ 

အစည်းအဝေးတွင် ချင်းပြည်နယ် ကိုဗစ်−၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဌ၊ ပြည်နယ်ဝန်ကြီးချုပ်ဦးငွန်ဆန်းအောင်ကဟားခါးမြို့နှင့်ဖလမ်းမြို့များတွင်ကိုဗစ်−၁၉ဖြစ်ပွားမှုလျော့နည်းကျဆင်းလာသည့်အတွက် Stay at Home မြို့နယ်မှ ဖြေလျှော့နိုင်ရေးအတွက် ကိုဗစ်−၁၉ ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများ အရှိန်အဟုန်မပြတ် ဆက်လက်ဆောင်ရွက်ရန်လိုကြောင်း၊ မျိုးဗီဇပြောင်း ကိုဗစ်−၁၉ ရောဂါပိုး(Variants of Concern) အုပ်စုတွင် (၂၆.၁၁.၂၀၂၁)ရက်က ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ထပ်မံထည့်သွင်းခဲ့သည့်အိုမီခရွန်(Omicron)မျိုးဗီဇပြောင်းရောဂါပိုးအနေဖြင့်ကမ္ဘာတစ်ဝှမ်းတွင် လျင်မြန်စွာ ကူးစက်ပြန့်ပွားလာသည်ကို သိရှိရပါကြောင်း၊ ကိုဗစ်−၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် အဓိက ကျသည့် အချက်တစ်ခုမှာ ကာကွယ်ဆေးထိုးလွှမ်းခြုံမှု မြင့်မားရန်ဖြစ်သည့်အတွက် ကိုဗစ်−၁၉ ရောဂါကာကွယ်ဆေးကို မဖြစ်မနေထိုးနှံကြရန်နှင့် ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်−၁၉ ရောဂါနှင့်ပတ်သက်သည့် တစ်ဦးချင်းလိုက်နာရမည့် အသိပေးချက်၊သတိပေးချက်နှင့် ထုတ်ပြန် ကြေညာချက်များကို တိတိကျကျ လိုက်နာဆောင်ရွက်သွားရန်လိုအပ်ကြောင်းဖြင့် အမှာစကား ပြောကြား သည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ဟားခါးခရစ်ယာန်ဂိုဏ်းပေါင်းစုံ ဓမ္မအမှုတော် ဆောင်များအဖွဲ့ အတွင်းရေးမှူး သိက္ခာတော်ရဆရာ ဒေါက်တာစတီဗင်လျန်ဟုပ်လိန်းက ကိုဗစ်−၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်မှုနှင့် ဆက်လက်ဆောင်ရွက်မည့်အစီအမံများကို လည်းကောင်း ၊ဌာနဆိုင်ရာတာဝန်ရှိသူများက ကိုဗစ်−၁၉ ရောဂါRDTဖြင့် ရှာဖွေစစ်ဆေးမှု၊ ရောဂါဖြစ်ပွားမှုနှင့် ကုသမှုအခြေအနေများ၊ ဦးတည်အုပ်စုအလိုက် ကိုဗစ်−၁၉ ရောဂါကာကွယ်ဆေးထိုးနှံမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံများ၊ Mask Campaignနှင့် အသိပညာပေး လုပ်ငန်းဆောင်ရွက်မှုနှင့် ဆက်လက်ဆောင်ရွက်ရမည့် အစီအစဉ်များကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် တင်ပြချက်များအပေါ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဟန်ဝင်းအောင်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး စိုးလွင်မိုး၊ သယံဇာတရေးရာဝန်ကြီး ဦးကျော်ငြိမ်း၊ လူမှုရေးဝန်ကြီး      ဦးသန့်ဇင်၊တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိန်ထွန်းလှ၊ပြည်နယ် ဥပဒေချုပ်ဦးဆွန်ဒုတ် ကျင့်နှင့်ပြည်နယ် အစိုးရအဖွဲ့အတွင်းရေးမှူး ဦးမောင်မောင်ဆန်းတို့က ပြည်နယ်အတွင်း ကိုဗစ်−၁၉ တတိယလှိုင်းကို အတိုင်းအတာ တစ်ခုအထိ ထိန်းချုပ်ထားနိုင်ပြီဖြစ်သော်လည်း မပေါ့ဆရန်လိုအပ်မှု၊ ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေးများ ဦးတည်အုပ်စုအလိုက် ရည်မှန်းဦးရေအတိုင်း အပြည့်အဝ ထိုးနှံနိုင်ရေးကိစ္စ၊RDT −Test kit ဖြင့် ရောဂါ ကာကွယ်ရေးလုပ်ငန်းများ ၊အသိပညာပေး လုပ်ငန်းများ အရှိန်အဟုန်မပျက် ဆက်လက်ဆောင်ရွက်ရန်ကိစ္စ များကို အကြံပြုဆွေးနွေးကြပြီး အနောက်မြောက်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် မျိုးထွဋ်လှိုင်နှင့် ပြည်နယ်ဝန်ကြီးချုပ်တို့က ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကာ ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

မောင်တက်လမ်း