အမြို့မြို့အနယ်နယ်သတင်းများ

Dec 02,2021
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ယနေ့နံနက်၉ နာရီက မုဒုံမြို့နယ် ကော့ခပုံကျေးရွာသမိုင်းဝင် ဘင်လှိုင် ရွှေဆံတော် ဘုရားသို့ ရောက်ရှိ၍ ဖူးမြှော်ကြည်ညိုပြီး ဆရာတော် အဂ္ဂမဟာကမ္မဌာန် နာစရိယ ဘဒ္ဒန္တဥူးပါလိ ဆရာတော်အား ဖူးမြော်ကန်တော့ကာ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပေးသည်။
Dec 02,2021
ကျေးလက်နေပြည်သူများအတွက် အသက်မွေးဝမ်းကျောင်းပညာရပ်တစ်ခုအနေဖြင့် ရပ်တည်နိုင်စေရန် ရည်ရွယ်၍ပုသိမ်မြို့အစိုးရနည်းပညာအထက်တန်းကျောင်းနှင့် ကန်ကြီးထောင့်မြို့နယ် ကျေးလက်‌ ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့ ပူးပေါင်း၍ ဆိုင်ကယ်စက်ပြင်သင်တန်းဖွင့်ပွဲအား ယနေ့နံနက် ၁၀နာရီက အဆိုပါဦးစီးဌာနရုံးအစည်းအဝေးခန်းမ၌ပြုလုပ်ခဲ့သည်။
Dec 02,2021
ရွှေသောင်ယံမြို့ တိုက်နယ်ဆေးရုံတွင် ယနေ့နေ့လယ်(၁)နာရီက ဟိုတယ်ဝန်ထမ်းများအား ပွင့်လင်း ရာသီတွင် ဟိုတယ်လုပ်ငန်းများလည်ပတ်နိုင်ရန်အတွက် ကိုဗစ်-၁၉ရောဂါ သံသယကင်းရှင်း‌ရေးကို‌ ရှေးရှု၍ တာဝန်ရှိသူများမှRDT Test ဖြင့်စစ်ဆေးဆောင်ရွက်ပေးခဲ့ကြကြောင်းသိရသည်။
Dec 02,2021
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့နှံ့မှုမှ ကာကွယ် ထိန်းချုပ်နိုင်ရေးနှင့် ကာကွယ်ရေးနည်းလမ်းများကို နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်များသို့ လှည့်လည်၍ အသိပေးနှိုးဆော် တိုက်တွန်းပေးခဲ့ ကြောင်း သိရသည်။
Dec 02,2021
မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်သည် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်လင်း၊ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်၊ လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးဝင်းရှိန်တို့လိုက်ပါ၍ ယနေ့ နံနက် ၉ နာရီက သရက်ခရိုင်ခန်းမသစ် ပန္နက်တင်မင်္ဂလာအခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
Dec 02,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့ စုကြီးရပ်ကွက်၊ မြို့တော်ခန်းမတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးရန် ကျန်ရှိနေသည့် ပြည်သူများ ယနေ့နံနက်(၉)နာရီခွဲက စတုတ္ထအသုတ်(ပထမ)အကြိမ်နှင့် တတိယအသုတ် (ဒုတိယ) အကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို နေရာ(၂)နေရာခွဲပြီး ကိုဗစ်-၁၉ ကာကွယ်ဆေးများ ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရှိရသည်။