ညောင်တုန်း ဒီဇင်ဘာ ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် အသက် ၁၈ နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီအချိန်မှစ၍ မြို့နယ်အတွင်းရှိ ကာကွယ်ဆေးထိုးစုရပ်(၆)ခုတွင် ဆက်လက်ထိုးနှံပေးလျက် ရှိသည်။
ညောင်တုန်းမြို့နယ်အတွင်း အသက် (၁၈)နှစ်နှင့် အထက်ပြည်သူများအား ကာကွယ်ဆေး ထိုးနှံပေးခြင်းကို မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ တစ်မြို့နယ်လုံးအတွက် ဆေးထိုးစုရပ် (၆) ခုတွင် ဆေးထိုးအဖွဲ့များ ဖွဲ့စည်းထားရှိပြီး ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးနှင့် အဖွဲ့ဝင်များက လှည့်လည်အားပေးကြည့်ရှုကာ လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)