မောက်မယ်မြို့နယ်၌ အခြေခံပညာကျောင်းများ ယနေ့မှစ၍ ပြန်လည်ဖွင့်လှစ်

မောက်မယ်        ဒီဇင်ဘာ     ၁၃

ရှမ်းပြည်နယ် ( တောင်ပိုင်း ) ၊ လင်းခေးခရိုင် ၊ မောက်မယ်မြို့နယ်၌ COVID-19 ရောဂါ ကူးစက် ပြန့်ပွားမှုများပြားလာသည့်အတွက် အခြေခံပညာကျောင်းများယာယီပိတ်ထားခဲ့ပြီး ယနေ့ ဒီဇင်ဘာလ၁၃ရက်နေ့မှစ၍ အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်သင်ကြားပေးနေပြီဖြစ်ကြောင်း  သိရသည်။

အဆိုပါ ကျောင်းများပြန်လည်ဖွင့်လှစ်သင်ကြားရာတွင် ကျောင်းသားကျောင်းသူများအေးချမ်း စွာပညာသင်ကြားနိုင်ရေးအတွက် မြို့နယ်ရဲတပ်ဖွဲ့မှူးမှဦးစီး၍ လုံခြုံရေးလာရောက်ကြီးကြပ် ပေးခြင်း၊ ဆရာဆရာမများကလည်းကျောင်းသားကျောင်းသူများ အဆင်ပြေစွာ ပညာသင်ကြား နိုင်ရေးအတွက် ကျောင်းခန်းအတွင်းနှင့်စာသင်ခုံများသန့်ရှင်းရေး ဆောင်ရွက်ထားပေးခြင်းတို့ အပြင်COVID-19ရောဂါ ကူးစက်မှုအားကာကွယ်ရန်အတွက်  ကိုယ်အပူချိန်တိုင်းတာပေးခြင်း ၊  နှာခေါင်းစည်း(Mask) တပ်ဆင်စေခြင်း ၊ စာသင်ခန်းအတွင်းမဝင်မီစနစ်တကျလက်ဆေးစေခြင်း ၊ ၆ပေအကွာတွင်သာစနစ်တကျ ထိုင်စေခြင်းစသည့်  ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထား သည့် COVID-19 ရောဂါကာကွယ် ရေးလမ်းညွှန်ချက်များနှင့်အညီ မောက်မယ်မြို့နယ်အတွင်းရှိ  အထက်တန်းကျောင်း(၂)ကျောင်း ၊ အလယ်တန်းကျောင်း(၁)ကျောင်း ၊ အလယ်တန်းကျောင်း ခွဲ(၄)ကျောင်း ၊ မူလတန်းလွန်ကျောင်း(၁၁) ကျောင်း ၊ မူလတန်းကျောင်း(၃၅)ကျောင်းနှင့် မူလတန်းကျောင်းခွဲ(၄)ကျောင်း စုစုပေါင်း(၅၇) ကျောင်းမှကျောင်းသားကျောင်းသူများကို ပြန်လည်ဖွင့်လှစ်သင်ကြားပေးနေပြီဖြစ်ကြောင်း သိရသည်။ 

စိုင်းမျိုးသန့်(မောက်မယ်)