Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ကချင်ပြည်နယ်ဝန်ကြီးချုပ် စီတာပူ မနောကွင်းအတွင်း (၃) ရက်ကြာ ဖွင့်လှစ်ရောင်းချမည့် မုတ်သုံဦး MSME ထုတ်ကုန်ပြပွဲ/ ပြိုင်ပွဲနှင့် ဈေးရောင်းပွဲတော်အား ဖ…
Jun 05,2026
ကချင်ပြည်နယ်အတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးထွက်ကုန်များအား တန်ဖိုးမြှင့် စားသောက်ကုန် လူသုံးကုန်ပစ္စည်းများအဖြစ် တိုးတက်ထုတ်လုပ်နိုင်ရေး၊ ဒေသတွင်း MSME လုပ်ငန်းများ တိုးတက်မြင့်မား လာစေရေးအတွက် ကချင်ပြည်နယ်အစိုးရအဖွဲ့က ဦးဆောင်ကြီးကြပ်မှုဖြင့် စီတာပူရပ်ကွက်၊ မနောကွင်းအတွင်း (၃) ရက်ကြာကျင်းပမည့် မုတ်သုံဦး MSME ထုတ်ကုန် ပြပွဲ/ ပြိုင်ပွဲနှင့် ဈေးရောင်းပွဲတော်အား ယနေ့ နံနက်ပိုင်းက ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် ဦးဆောင်သည့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့် ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များ၊ ဒေသတွင်း MSME လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြပြီး စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်၌ အခြေခံစာရင်း၊ စာရင်းကိုင်သင်တန်းဖွင့်လှစ်
Jun 05,2026
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ (အရှေ့+အနောက်ပိုင်း) မြို့နယ် မြို့နယ်သမဝါယမဦးစီးဌာနက ရက် (၁၀၀) စီမံချက်ဖြင့် သမဝါယမအသင်း အမှုဆောင်များနှင့် အသင်းတာဝန်ခံများအား စာရင်းများကို စနစ်တကျ ကိုင်တွယ်အသုံးပြုနိုင်စေရန်နှင့် စွမ်းရည်မြင့်မားလာစေရန် ရည်ရွယ်၍ အခြေခံစာရင်း၊ စာရင်းကိုင်သင်တန်းကို ယမန်နေ့နံနက် (၁၀) နာရီက မြို့နယ်သမဝါယမအသင်းစုလီမိတက် ရုံးခန်းမ၌ ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
စစ်ကိုင်းမြို့တွင် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အခမ်းအနားကျင်းပ
Jun 05,2026
စစ်ကိုင်းခရိုင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က စစ်ကိုင်းမြို့ ရွှေမင်းဝံအခြေခံပညာအထက်တန်းကျောင်း ပညာရောင်ခြည်ခန်းမတွင် ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် (ကချင်ပြည်နယ်တာဝန်ခံ) ဦးခင်ဇော် ပြည်နယ်အဆင့် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဆိုင်ရာ ကြီးကြပ်မှုအဖွဲ့နှင…
Jun 05,2026
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်(ကချင်ပြည်နယ်တာဝန်ခံ) ဦးခင်ဇော်သည် ကြီးကြပ်ကန့်သတ်ပစ္စည်းများဖြစ်သည့် မြန်မာအီလက်ထရောနစ်မဲပေးစက်များ ထိခိုက်ပျက်စီးမှုမရှိစေရေးအတွက် ပြည်နယ်အဆင့် မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) ဆိုင်ရာ ကြီးကြပ်မှုအဖွဲ့ဝင်များနှင့် ယနေ့နံနက် ၁၁ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမ (၂) ၌ တွေ့ဆုံညှိနှိုင်း ဆွေးနွေးခဲ့ သည်။
အပြည့်အစုံ ဖတ်ရန်
တတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးပထမနေ့ ကျင်းပ
Jun 05,2026
တတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးပထမနေ့ကို ယမန်နေ့ နံနက်ပိုင်းက မုံရွာမြို့ရှိ လွှတ်တော်အဆောက်အအုံ စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ကချင်ပြည်နယ်အတွင်း မြစ်ကြီးနား-မိုးကောင်း-မိုးညှင်း မီးရထားခရီးစဉ်တိုးချဲ့ပြေးဆွဲနိုင်ရေး ဇူလိုင်လအတွင်း လမ်းပိုင်းပြုပြင်ခြင်းလုပ်ငန်းများအား အပြီး…
Jun 05,2026
မြန်မာ့မီးရထားအနေဖြင့် ကချင်ပြည်နယ်အတွင်း မီးရထားပြေးဆွဲခြင်းလုပ်ငန်းကို မြစ်ကြီးနား- မိုးကောင်း၊ မိုးကောင်း-မြစ်ကြီးနားသာ ပြေးဆွဲနိုင်ခဲ့ရာမှ ယခုအခါတွင် မြစ်ကြီးနား-မိုးကောင်းမှ မိုးညှင်းမြို့အထိ မီးရထားခရီးစဉ်တိုးချဲ့ပြေးဆွဲနိုင်ရေး ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ လာမည့်ဇူလိုင်လအတွင်း လမ်းပိုင်းပြုပြင်ခြင်းလုပ်ငန်းများအား ပြီးစီးအောင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ယမန်နေ့မွန်းလွဲပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့၏ မြစ်ကြီးနား-မိုးကောင်း-မိုးညှင်း မီးရထား ခရီးစဉ် တိုးချဲ့ပြေးဆွဲနိုင်ရေးနှင့် ရထားလမ်းဖွင့်လှစ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရှင်ဗွေယန်မြို့၌ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရာနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ
Jun 05,2026
ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ ရှင်ဗွေယန်မြို့၌ ကမ္ဘာပတ်ဝန်းကျင်ထိန်းသိမ်းရာနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက် ၇ နာရီက နာဂရိုးရာစာပေနှင့်ယှဉ်ကျေးမှုကော်မတီရုံးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အုတ်တွင်းမြို့နယ် စပါးခွံမီးသွေးဖြင့် သဘာဝမြေသြဇာ ထုတ်လုပ်၍ စပါးခွံပေါင်းခံရည် ထုတ်လုပ်မှုသရုပ်ပြသ
Jun 05,2026
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ စိုက်ပျိုးရေးလုပ်ငန်းတွင် စွယ်စုံသုံးနိုင်သည့် စပါးခွံမီးခိုးပေါင်းခံရည်နှင့် စပါးခွံမီးသွေးမှရရှိလာမည့် သဘာဝကိုအခြေခံသည့် ပိုးမွှားရောဂါကာကွယ်ဆေးများကို ထုတ်လုပ်တတ်စေ ရန်ရည်ရွယ်၍ ပေါက်တောကျေးရွာမှ တောင်သူများအား စပါးခွံမီးသွေး၊ သဘာဝမြေသြဇာထုတ်လုပ်၍ စပါးခွံပေါင်းခံရည်ထုတ်လုပ်မှု သရုပ်ပြပွဲကို ယမန်နေ့နံနက်ပိုင်းက အဆိုပါကျေးရွာ၌ ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
229
Page
230
Page
231
Page
232
Current page
233
Page
234
Page
235
Page
236
Page
237
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department