ရှင်ဗွေယန်မြို့၌ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရာနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ

ရှင်ဗွေယန် ဇွန် ၅

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ ရှင်ဗွေယန်မြို့၌ ကမ္ဘာပတ်ဝန်းကျင်ထိန်းသိမ်းရာနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက် ၇ နာရီက နာဂရိုးရာစာပေနှင့်ယှဉ်ကျေးမှုကော်မတီရုံးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားတွင် မြို့အဆင့်ဌာနဆိုင်ရာများ၊ နာဂရိုးရာ‌ကော်မတီအဖွဲ့မှ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် မြို့မိ/ဖများတက်ရောက်၍ အခမ်းအနားကျင်းပခဲ့ကြပြီး မြို့အဆင့် ဌာနဆိုင်ရာများနှင့် နာဂရိုးရာစာပေနှင့် ယဉ်ကျေးမှုကော်မတီအဖွဲ့တို့ ပူးပေါင်းကာ နာဂရိုးရာ (ရာထားကွင်း) ၌ ယင်းမာပင် (၁၀၀) ပင်နှင့် သံမလန်းပင် (၁၀၀) ပင်တို့ကို တပျော်တပါး စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)