အမြို့မြို့အနယ်နယ်သတင်းများ

Jun 05,2026
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၌ စိမ်းလန်းစိုပြည်ရေး ရည်ရွယ်ချက်ဖြင့် ၂၀၂၆ ခုနှစ်၊ မိုးရာသီစုပေါင်းသစ်ပင် စိုက်ပျိုးပွဲတော်ကို ဇွန်လ ၅ ရက်နေ့ နံနက် ၇ နာရီခွဲက ပုလောမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ကျောင်းဝင်းအတွင်း ကျင်းပပြုလုပ်ခဲ့သည်။
Jun 05,2026
၂၀၂၆ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက်ပိုင်းက နေပြည်တော် ပုဗ္ဗသီရိမြို့နယ်၊ အမှတ်(၃) အခြေခံပညာအထက်တန်း‌ကျောင်း၌ ကျင်းပသည်။
Jun 05,2026
၂၀၂၆ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက်ပိုင်းက မကွေးမြို့၊ မြို့တော်ခန်းမ၌ကျင်းပရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကို၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဒေါက်တာမောင်‌မောင်ဌေး၊ နယ်မြေခံတပ်နယ်မှ အရာရှိကြီးများ၊ တိုင်းဒေသကြီးတရားလွှတ်တာ်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၀င်၀န်ကြီးများ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာတာ၀န်ရှိသူများ၊ ဖိတ်ကြားထားသည့်ဧည့်သည်တော်များ၊ ဆရာ/ဆရာမများနှင့် ဆုရကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
Jun 05,2026
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ အလုံမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးအစည်းအဝေးခန်းမ၌ မြို့နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့မှ မြို့နယ်အတွင်းသို့ ပြည်သူ့စစ်မှုထမ်းဥပဒေအရ တာ၀န်ထမ်းဆောင်ချိန်ကာလပြီးဆုံး၍ ပြန်လည်ရောက်ရှိလာသည့် ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁) မှ နိုင်ငံ့သားကောင်းများအား ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားကျင်းပခဲ့သည်။
Jun 05,2026
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ခေတ်မီစိုက်ပျိုးရေးနည်းစနစ်များကို စနစ်တကျ သိရှိလိုက်နာကျင့်သုံးနိုင်စေရန် ရည်ရွယ်၍ စိုက်ပျိုးရေးဆိုင်ရာ နည်းပညာပေးဆွေးနွေးပွဲကို ယမန်နေ့ နေ့လယ် (၁) နာရီက ပန်းတောင်းမြို့နယ် ကျောက်ဖူးကျေးရွာအုပ်စု၊ ကျောက်ဖူးကြားစခန်း သိုလှောင်ရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။
Jun 05,2026
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့၌ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနက ကြီးမှူး၍ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့ နံနက်ပိုင်းက အောင်မြတ်ခန်းမတွင် ကျင်းပသည်။
Jun 05,2026
‎မန္တလေးတိုင်းဒေသကြီး၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ခင်ခင်လေးနှင့် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ပွင့်ဦးအိမ်တို့ ပူးပေါင်း၍ ရက် ၁၀၀ ကာလအတွင်း ကျန်းမာရေးအသိပညာမြှင့်တင်ရေးလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက မဟာအောင်မြေမြို့နယ်၊ ရတနာဘုမ္မိအရှေ့ရပ်ကွက်၊ တမာကုန်းဓမ္မာရုံ၌ ကျန်းမာရေးအသိပညာပေးခြင်းနှင့် ပြည်သူများအတွက် ဆေးစိမ်ခြင်ထောင်ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့သည်။