Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
မချမ်းဘောမြို့နယ်တွင် စာဖတ်ရှိန်မြင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့်နယ်လှည့်စာကြည့်တိုက်ဆောင်ရွက်
Jun 05,2026
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ်ရှိ ကျောင်းသူကျောင်းသားများ စာဖတ်ရှိန် မြှင့်တင်လာစေရန်နှင့် ဗလငါးတန်ပြည့်ဝသော ကျောင်းသားကျောင်းသူများ ဖြစ်လာစေရန် ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောခြင်းနှင့် နယ်လှည့်စာကြည့်တိုက် ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၁၀ နာရီက ထရန်ဒမ်းအခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မြောင်းမြမြို့တွင် ရက်(၁၀၀)စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်များပေးအပ်
Jun 05,2026
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့၊ ပညာရတနာခန်းမ၌ ဇွန်လ(၄)ရက်နေ့ နံနက်(၁၀)နာရီအချိန်က အစိုးရသစ်ရက်(၁၀၀)စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်များ ပေးအပ်ပွဲအခမ်းအနားကို လူဝန်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောာင်စုဝန်ကြီး ဦးမြင့်ကြိုင်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
၂၀၂၆ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ
Jun 05,2026
ကရင်ပြည်နယ်၊ မြဝတီခရိုင် မြဝတီမြို့တွင် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပတ်ဝန်းကျင်းထိန်းသိမ်းရေးဦးစီးဌာန၏ ၂၀၂၆ ခုနှစ်၊ ဇွန်လ (၅) ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက် (၉:၀၀)နာရီက မြဝတီမြို့၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဟင်္သာတမြို့နယ်တွင် အစိုးရသစ် ရက် (၁၀၀) စီမံချက်ဖြင့် လူထုကျန်းမာရေးလုပ်သား (အကျဉ်းချုံး) သင်တန်းဖွင့်လှစ်
Jun 05,2026
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ဟင်္သာတမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနသည် အစိုးရသစ် ရက် (၁၀၀) စီမံချက်ဖြင့် လူထုကျန်းမာရေးလုပ်သား (အကျဉ်းချုံး) သင်တန်းအား (၄-၆-၂၀၂၆) ရက်နေ့တွင် စတင်ဖွင့်လှစ်ရာ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၁၀:၀၀) နာရီ၌ ဟင်္သာတခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အပြည့်အစုံ ဖတ်ရန်
ကြံခင်းမြို့၌ ၂၀၂၆ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိမ်းသိမ်းနေ့ အထိမ်းအမှတ် မိုးရာသီစုပေါင်း သစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ
Jun 05,2026
၂၀၂၆ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိမ်းသိမ်းရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကြံခင်းမြိုနယ်၊ ကဇင်းကြီးကျေးရွာ၊ ဘောလုံးကွင်းအနီး၌ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပခဲ့ရာ မြို့နယ် စီမံခန့်ခွဲရေးနှင်အုပ်ချုပ်ရေးကော်မတီခေတ္တဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာဆိုင်ရာများ၊ မြို့နယ်သစ်တောဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကျောင်းသား၊ ကျောင်းသူများ၊ ဒေသခံပြည်သူများ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
မဟာအောင်မြေမြို့နယ်၊ မြတောင်ကျောင်းတိုက် ရာပြည်ဓမ္မာရုံ၌ အစိုးရနိကာယ်စာမေးပွဲ ကျင်းပ
Jun 05,2026
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ ရတနာဘုမ္မိအနောက်ရပ်ကွက်၊ မြတောင်ကျောင်းတိုက်အတွင်း၊ ရာပြည့်ဓမ္မာရုံတွင် (၃၂) ကြိမ်မြောက် အစိုးရနိကာယ်စာမေးပွဲအား မြတောင်ကျောင်းတိုက် သာယာဝင်းကျောင်းမှ ဩဝါဒဆရာတော် ဦးသာဂရာဘိဝံသနှင့် ကြီးကြပ်ရေးဆရာတော် ၁၅ ပါးတို့မှ ဦးဆောင်၍ ယနေ့မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့ရာ အုပ်စု(၁)ပါရာဇိကဏ်ကျမ်းစာ ဖြေဆိုသံဃာ ၁၈၇ ပါး၊ အုပ်စု(၂) သီလကွန် ကျမ်းစာ ဖြေဆိုသံဃာ ၂၂ ပါး၊ အုပ်စု(၃) မူလပဏ္ဏာသကျမ်းစာဖြေဆိုသံဃာ ၁ ပါး၊ အုပ်စု(၅)ဧကကာဒိကျမ်းစာ ဖြေဆိုသံဃာ ၅၆ ပါး၊ အုပ်စု(၈) ဓမ္မသင်္ဂဏီကျမ်းစာ ဖြေဆိုသံဃာ ၈ ပါး၊ အုပ်စု(၁/မဟာဝိဒူတန်း) ပါရာဇိကကျမ်းစာ ဖြေဆိုသံဃာ(၅)ပါး၊ စုစုပေါင်း ဖြေဆိုသံဃာ (၂၇၉)ပါး၊ ဖြေဆိုသံဃာ ၂၄၃ ပါး၊ ပျက်ကွက် ၁၃၆ ပါးရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မအူပင်မြို့၌ ၂၀၂၆ ခုနှစ်၊ လူထုကျန်းမာရေးလုပ်သား (အကျဉ်းချုံး) သင်တန်းဖွင့်ပွဲ ကျင်းပ
Jun 05,2026
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့၌ ၂၀၂၆ ခုနှစ်၊ လူထုကျန်းမာ ရေးလုပ်သား(အကျဉ်းချုံး)သင်တန်းဖွင့်ပွဲ အခမ်းအနားအား ဇွန်လ ၃ ရက်နေ့ နံနက်ပိုင်းက အမှတ် (၅)ရပ်ကွက်ရှိ ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
အစိုးရ၏ ရက် (၁၀၀) လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ထုတ်ပေးခြင်းများဆောင်ရွက်
Jun 05,2026
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ကျိုက်ပိကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ အစိုးရ၏ ရက်(၁၀၀) လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား (နိုင်/စိစစ်ကတ်) နှင့် Unique Identification Number (UID) ထုတ်ပေးခြင်းလုပ်ငန်းများကို ဇွန် ၄ ရက် နံနက်ပိုင်းက ဆောင်ရွက်ပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
228
Page
229
Page
230
Page
231
Current page
232
Page
233
Page
234
Page
235
Page
236
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department