လှိုင်သာယာ (အနောက်) ဇွန် ၅
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ (အရှေ့+အနောက်ပိုင်း) မြို့နယ် မြို့နယ်သမဝါယမဦးစီးဌာနက ရက် (၁၀၀) စီမံချက်ဖြင့် သမဝါယမအသင်း အမှုဆောင်များနှင့် အသင်းတာဝန်ခံများအား စာရင်းများကို စနစ်တကျ ကိုင်တွယ်အသုံးပြုနိုင်စေရန်နှင့် စွမ်းရည်မြင့်မားလာစေရန် ရည်ရွယ်၍ အခြေခံစာရင်း၊ စာရင်းကိုင်သင်တန်းကို ယမန်နေ့နံနက် (၁၀) နာရီက မြို့နယ်သမဝါယမအသင်းစုလီမိတက် ရုံးခန်းမ၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး၊ သမဝါယမဦးစီးဌာန၊ ဒုတိယတိုင်းဒေသကြီး ဦးစီးမှူး ဒေါ်အေသူမြင့်က အဖွင့်အမှာပြောကြားပြီး၊ ဗဟိုသမဝါယမအသင်းလီမိတက်၏ ဒါရိုက်တာအဖွဲ့ဝင်၊ ရန်ကုန်တိုင်းဒေသကြီး သမဝါယမအသင်းစုချုပ် ဒုတိယဥက္ကဋ္ဌ ဦးမြင့်သန်းက သင်တန်းသား/ သင်တန်းသူများအား သင်တန်း၏ အကျိုးကျေးဇူးနှင့် အသင်း၏တိုးတက်လာမှုအား ရှင်းလင်းပြောကြားခြင်း၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကြည်စိုးက အားပေးစကားပြောကြားခြင်း၊ လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းလင်းက မုဒိတာစကား ပြောကြားသည်။
အဆိုပါအခမ်းအနားသို့ လှိုင်သာယာ (အရှေ့+အနောက်ပိုင်း) မြို့နယ်မှ အသင်းအမှုဆောင်များနှင့် အသင်းဝန်ထမ်းများ တက်ရောက်ကြပြီး သင်တန်းကာလမှာ ၄-၆-၂၀၂၆ ရက်နေ့မှ ၉-၆-၂၀၂၆ ရက်နေ့အထိ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)