မချမ်းဘောမြို့နယ်တွင် စာဖတ်ရှိန်မြင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့်နယ်လှည့်စာကြည့်တိုက်ဆောင်ရွက်

မချမ်းဘော ဇွန် ၅

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ်ရှိ ကျောင်းသူကျောင်းသားများ စာဖတ်ရှိန် မြှင့်တင်လာစေရန်နှင့် ဗလငါးတန်ပြည့်ဝသော ကျောင်းသားကျောင်းသူများ ဖြစ်လာစေရန် ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောခြင်းနှင့် နယ်လှည့်စာကြည့်တိုက် ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၁၀ နာရီက ထရန်ဒမ်းအခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးစီးဌာန ဦးစီးအရာရှိဒေါ်နီနီလွင်က ဗဟုသုတကြွယ်ဝဖို့ စာဖတ်ကြပါစို့ ခေါင်းစဥ်ဖြင့် စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေး ဟောပြောခဲ့ပြီးနောက် နယ်လှည့်စာကြည့်တိုက် အဖြစ်ယူဆောင်လာသော သုတ/ရသ စာအုပ်စာစောင်များကို ငှားရမ်းဖတ်ရှုစေကာမိမိတို့ဖတ်ရှုထားသော စာအုပ်ပါအကြောင်းအရာများကို ပြန်လည်ဆွေးနွေးစေခြင်းများပြုလုပ်ခဲ့သည်။

ထို့နောက် ဟောပြောပွဲတက်ရောက်လာသော ကျောင်သားကျောင်းသူ၉၀ ဦးတို့က ခင်းကျင်း ပြသထားသော ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်နှင့် မူးယစ်ဆေးဝါးအန္တရာယ်ကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်များကို စိတ်ဝင်တစားလေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။ 

ယောရွှေနီ (မချမ်းဘော)