မဟာ‌အောင်‌မြေမြို့နယ်၊ မြတောင်ကျောင်းတိုက် ရာပြည်ဓမ္မာရုံ၌ အစိုးရနိကာယ်စာမေးပွဲ ကျင်းပ

‎‎မဟာအောင်မြေ ဇွန် ၆

‎‎မန္တလေးတိုင်းဒေသကြီး၊ မဟာ‌အောင်‌မြေမြို့နယ်၊ ရတနာဘုမ္မိအနောက်ရပ်ကွက်၊ မြ‌တောင်ကျောင်းတိုက်အတွင်း၊ ရာပြည့်ဓမ္မာရုံတွင် (၃၂) ကြိမ်မြောက် အစိုးရနိကာယ်စာမေးပွဲအား မြတောင်ကျောင်းတိုက် သာယာဝင်းကျောင်းမှ ဩဝါဒဆရာတော် ဦးသာဂရာဘိဝံသနှင့် ကြီးကြပ်ရေးဆရာတော် ၁၅ ပါးတို့မှ ဦးဆောင်၍ ယနေ့မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့ရာ အုပ်စု(၁)ပါရာဇိကဏ်ကျမ်းစာ ဖြေဆိုသံဃာ ၁၈၇ ပါး၊ အုပ်စု(၂) သီလကွန် ကျမ်းစာ ဖြေဆိုသံဃာ ၂၂ ပါး၊ အုပ်စု(၃) မူလပဏ္ဏာသကျမ်းစာဖြေဆိုသံဃာ ၁ ပါး၊ အုပ်စု(၅)ဧကကာဒိကျမ်းစာ ဖြေဆိုသံဃာ ၅၆ ပါး၊ အုပ်စု(၈) ဓမ္မသင်္ဂဏီကျမ်းစာ ဖြေဆိုသံဃာ ၈ ပါး၊ အုပ်စု(၁/မဟာဝိဒူတန်း) ပါရာဇိကကျမ်းစာ ဖြေဆိုသံဃာ(၅)ပါး၊ စုစု‌ပေါင်း‌ ဖြေ‌ဆိုသံဃာ (၂၇၉)ပါး၊ ဖြေဆိုသံဃာ ၂၄၃ ပါး၊ ပျက်ကွက် ၁၃၆ ပါးရှိကြောင်း သိရသည်။

‎‎အဆိုပါ အစိုးရနိကာယ်စာမေးပွဲဖြေဆိုသံဃာများအား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်နှင့် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးစည်သူကျော်နှင့် ရပ်ကွက်အုပ်ချုပ်‌ရေးမှူးများမှ စာဖြေသံဃာများအား အချိုရည်၊‌ ရေသန့်ဘူးများ ဆက်ကပ်လှူဒါန်းခဲ့ပြီး လိုအပ်သည်များ ဆောင်ရွက်ပေးကာ အစိုးရနိကာယ်စာမေးပွဲကို ဇွန်လ ၅ ရက်နေ့မှ ဇွန်လ ၉ ရက်နေ့အထိ ကျင်းပဖြေဆိုသွားမည်ဖြစ်ကြောင်း သိရသည်။

‎‎အောင်ဇော်မင်း