မအူပင် ဇွန် ၅
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့၌ ၂၀၂၆ ခုနှစ်၊ လူထုကျန်းမာ ရေးလုပ်သား(အကျဉ်းချုံး)သင်တန်းဖွင့်ပွဲ အခမ်းအနားအား ဇွန်လ ၃ ရက်နေ့ နံနက်ပိုင်းက အမှတ် (၅)ရပ်ကွက်ရှိ ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။
ဦးစွာ မအူပင်ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစိုးသက်မှ သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပြီး ဒုတိယဦးစီးမှူး ကျန်းမာပညာ ဒေါ်နှင်းအိအိလွင်က ရက် (100) စီမံချက်နှင့် ပက်သက်၍ ဆောင်ရွက်ရမည့် လုပ်ငန်းများအား ရှင်းလင်းပြောကြားသည်။ ယင်းနောက် နည်းပြဆရာ၊ ဆရာမများမှ သင်တန်းအား ဆက်လက်သင်ကြားပို့ချရာ လူထုကျန်းမာရေးလုပ်သားသင်တန်းသား/ သင်တန်းသူ (၂၇) ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှ နှစ်ပတ်တာကာလဖြစ်ကြောင်း သိရသည်။
အဆိုပါသင်တန်းဖွင့်ပွဲသို့ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ စိုးသက်နှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ နည်းပြဆရာ၊ ဆရာမများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
အောင်မြင့်မြတ်(ပြန်ဆက်)