ကမာရွတ်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက်   ကျောင်းအပ်နှံခြင်း စတင်လက်ခံ

ကမာရွတ် မေ ၂၆

ရန်ကုန်အ​နောက်ပိုင်းခရိုင် ကမာရွတ်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ သူများအား ကျောင်းအပ်နှံခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်မှစတင်၍ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် စတင်လက်ခံလျက်ရှိကြောင်း သိရသည်။

ကမာရွတ်မြိုနယ်တွင် အခြေခံပညာအ.ထ.ကကျောင်း(၆)ကျောင်း၊ အ.လ.က(၁)ကျောင်း၊ အ.မ.က(၁၁)ကျောင်း၊ ပုဂ္ဂလိကကိုယ်ပိုင်အထက်တန်း​ကျောင်း(၅)​ကျောင်းစုစုပေါင်း (၂၃) ကျောင်းရှိပြီး ကျောင်းအပ်နှံရာတွင်လည်း နိုင်ငံတော်မှ အခကြေးငွေ တစ်စုံတစ်ရာ ကောက်ခံမှု လုံးဝမရှိကြောင်းနှင့် ကျောင်းသုံး ပြဋ္ဌာန်းစာအုပ်၊ ဗလာစာအုပ်၊ ဘောပင်၊  ပါးစပ်နှာခေါင်းစည်း (Mask)နှင့် မျက်နှာအကာ (Face Shield) တို့ကို အခမဲ့ထောက်ပံ့‌ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ ကျောင်းအပ်နှံရာ ရက်ကိုလည်း မေလ(၂၆)ရက်နေ့မှ ဇွန်(၁)ရက်နေ့အထိ ကျောင်နှံသည့်ရက်ဖြင့် လက်ခံဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။

ထိုသို့ ကျောင်းသား/သူများအား ကျောင်းအပ်နှံခြင်း လက်ခံရာတွင် ကိုဗစ်-၁၉ရောဂါ ကူးစက်မှု ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ နှာခေါင်းစည်းများ တပ်ဆင်လာစေခြင်း၊ လက်ဆေးဘေစင်များထားရှိကာ စနစ်တကျ လက်ဆေးစေခြင်းဖြင့် ကျောင်းအပ်လက်ခံခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

စိမ်းလဲ့