ကလော မေ ၂၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် စာဖတ်ရှိန်မြှင့်တင်ရေးနှင့်စာပေဖတ်ရှုခြင်းမှရရှိသည့် ဗဟုသုတကောင်းကျိုးတရားများကို သိရှိနားလည်စေရန်ရည်ရွယ်၍ မြို့နယ်ဌာနဆိုင်ရာများ၊ ကျေးရွာနေပြည်သူများထံ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနသို့ကွင်းဆင်း၍ စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများက မိမိရုံးသို့မလာရောက်နိုင်သော ဌာနဆိုင်ရာဝန်ထမ်းများအတွက် ရုံးစာကြည့်တိုက်ရှိ သုတ/ရသ စာအုပ်များနှင့်ကလေးပုံပြင်စာများကို အမျိုးအစားစုံလင်စွာဖြင့် ကလောမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနသို့ သွားရောက်၍ ဝန်ထမ်းများနှင့်မိသားစုဝင်များအတွက် လက်ဝယ်အရောက် အခမဲ့ငှားရမ်းပေးခဲ့ပြီး ငှားရမ်းပေးသည့်စာအုပ်စာစောင်များအား နှစ်ပတ်တစ်ကြိမ် အသစ်လဲလှယ်ပေးခြင်းတို့ကို ကွင်းဆင်းဆောင် ရွက်လျက်ရှိကြောင်း သိရှိသည်။
ကျော်ဝင်း(ကလော)