ကွမ်းခြံကုန်းမြို့နယ်တွင် Mask Campaign (အခမဲ့) ဖြန့်ဝေ

ကွမ်းခြံကုန်း မေ ၂၇

ရန်ကုန်တိုင်းဒေသကြီး၊ ​တောင်ပိုင်းခရိုင် ကွမ်းခြံကုန်းမြို့နယ်၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောငိကြီးကြပ်မှုဖြင့် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန် ရောဂါကူးစက်ပျံ့နှံ့မှုမှ ကြိုတင်ကာကွယ်ရေး ပြည်သူများနေအိမ်မှ  ထွက်ခွာတိုင်းပါးစပ် / နှာခေါင်းစည်း ( Mask) များ စနစ်တကျတပ်ဆင်သွားလာရေး အသိပညာပေးလုပ်ငန်း (Mask Campaign) ကို  ယမန်နေ့ နံနက် ၇ နာရီက ဗိုလ်ချုပ်လမ်း၌  ပြုလုပ်ခဲ့သည်။

ထိုသို့ ပြည်သူများ ပါးစပ် / နှာခေါင်းစည်း (Mask) စနစ်တကျ တပ်ဆင်သွားလာရေး အသိပညာပေးလုပ်ငန်း (Mask Campaign) ဆောင်ရွက်ရာတွင် ဈေးဝယ်သူများနှင့် ခရီးသွားပြည်သူများအား ကို​ဗစ်-၁၉ ရောဂါကြိုတင်ကာကွယ် နိုင်ရေးအတွက် နေအိမ်မှ ထွက်ခွာတိုင်းမဖြစ်မနေ ပါးစပ် / နှာခေါင်းစည်း (Mask) စနစ်တကျ တပ်ဆင်သွားလာရေး အသိပညာပေးခြင်း၊ တပ်ဆင်ခြင်းမရှိသည့် ပြည်သူများအား Mask များကို အခမဲ့ဖြန့်ဝေပေး၍ စနစ်တကျ တပ်ဆင်စေခြင်းတို့ကို အသိပညာပေး ဆောင်ရွက်ခဲ့ပြီး ပါးစပ် / နှာခေါင်းစည်း အား ပြည်သူများထံ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အဆိုပါ (Mask Campaign) ကို မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးထွန်းဝင်းစိုးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ၊  မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ် တပ်ဖွဲ့ဝင်များ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများနှင့် ရပ်ကွက် / ကျေးရွာ အုပ်ချုပ်ရေးမှူးများက ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

(ဆွေနွယ်IPRD)