ကော့ကရိတ်မြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အ​ခြေခံပညာ​ကျောင်းအပ်နှံ​ရေး အခမ်းအနား ကျင်းပ

​ကော့ကရိတ်မေ ၂၇

ကရင်ပြည်နယ်၊​​ ကော့ကရိတ်မြို့နယ်တွင် အ​ခြေခံပညာဦးစီးဌာန၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အ​ခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်း၊ ဘုန်း​တော်ကြီး​သင်ပညာရေးကျောင်းများ ကျောင်းအပ်နှံ​ရေး အခမ်းအနားကို “ကျောင်းနေအရွယ်ကလေးအားလုံးပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့”ဟူသော ဆောင်ပုဒ်နှင့်အညီ ယ​နေ့နံနက်(၈း၃၀)နာရီအချိန်က ​ကော့က ရိတ်မြို့နယ် အထက(၁)အ​ခြေခံပညာအထက်တန်း​ကျောင်း၌ ​ ကျင်းပပြုလုပ်ခဲ့သည်။

​ရှေးဦးစွာ​ ကျောင်းအပ်နှံ​ရေးအခမ်းအနားအား သက်ဆိုင်ရာတာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်​ပေးခဲ့ပြီး​ ကျောင်းသား/ကျောင်းသူများက မြန်မာ့ကျောင်းသီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့သည်။ ထို​နောက် ခရိုင်စီမံအုပ်ချုပ်​ရေး​​အဖွဲ့ဥက္ကဋ္ဌ ဦးထွန်း​ဝေက အဖွင့်အမှာစကား​ပြောကြားပြီး ခရိုင်ပညာ​ရေးမှူးဦးခိုင်ထွန်းက Gradeအတန်းအလိုက်​ကျောင်းအပ်နှံ​ပေးမှုအ​ခြေအ​နေ၊ မြို့နယ်ပ ညာရေးမှူးဒေါ်ခင်ညို​​ညို​မေက မြို့နယ်အတွင်းကျောင်းအပ်နှံ​​ရေးကျောင်းစာရင်းများနှင့်  ပတ်သက်၍ဆောင်ရွက်ပေးသွားမည့် အခြေအနေများကို ရှင်းလင်း​ပြောကြားခဲ့သည်။

ဆက်လက်၍ ပညာ​ရေးဝန်ကြီးဌာနမှ​ ကျောင်းသား/ကျောင်းသူများအတွက် အခမဲ့ဖြန့်​ဝေ​ပေး​သော ကျောင်းသုံးပုံနှိပ်စာအုပ်၊ ဗလာစာအုပ်၊​​ ဘောပင်နှင့်ခဲတံများအား ခရိုင်စီမံအုပ်ချုပ်​ရေး​ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်ပညာ​ရေးမှူး ၊မြို့နယ်စီမံအုပ်ချုပ်​ရေး​ဥက္ကဋ္ဌ၊ မြို့နယ်ပညာရေးမှူးတို့က ပေးအပ်ရာ ကျောင်းသား/ကျောင်းသူများက လက်ခံရယူခဲ့ကြသည်။

​ကော့ကရိတ်မြို့နယ်တွင် ကျောင်းအပ်နှံရေးကာလအဖြစ် တစ်နိုင်ငံလုံးအတိုင်းအတာအရ မေလ (၂၆) ရက်နေ့မှ ဇွန်လ(၁) ရက်နေ့ထိဖြစ်ပြီး ဇွန်လ(၂)ရက်နေ့မှစတင်ကာ အခြေခံပညာကျောင်းအားလုံးဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်းနှင့် ၂၀၂၂- ၂၀၂၃ပညာသင်နှစ် ​ကော့ ကရိတ်မြို့နယ်အတွင်း အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်း၊ ဘုန်းတော်ကြီး သင်ပညာရေးကျောင်းများအနေဖြင့်(၂၃၈)​ကျောင်းဖွင့်လှစ်သွားမည်ဖြစ်ပြီး ယခုနှစ်တွင်ကျောင်းသား/ကျောင်းသူဦးရေသည်ယခင်နှစ်ထက် ပိုမိုများလာဖွယ်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံး သိရသည်။

ခင်မျိုးဝင်း(ပြန်ဆက်)