ဇလွန် မေ ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် မြို့နယ်လုံးကျွတ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်တွင် အ.ထ.က( ၁ ) ဇလွန် အမျိုးသားကျောင်းဆောင်တွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားကို ကျောင်းသား၊ ကျောင်းသူလေးများက မြန်မာ့ကျောင်းသီချင်းဖြင့် သီဆို ဖွင့်လှစ်ခဲ့သည်။ ယင်းနောက် ဇလွန်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းလင်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ခရိုင်ပညာရေးမှူး ဦးတိုးဝင်းက ကျောင်းအပ်နှံရေးနေ့ အခမ်းအနား ကျင်းပရခြင်း ရည်ရွယ်ချက်များ၊ ပညာရေးဌာန၏ ရည်မှန်းချက်နှင့် ဆောင်ရွက်နေမူများကို ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းထွန်းလင်းက နိုင်ငံတော်မှ အခမဲ့ထောက်ပံ့ပေးအပ်သော ပုံနှိပ်စာအုပ်၊ ဗလာစာအုပ်၊ ဘောလ်ပင်၊ ခဲတံနှင့်ကျောင်းဝတ်စုံများကို ပေးအပ်လှူဒါန်းခဲ့ကြပြီး ကျောင်းသား၊ ကျောင်းသူလေးများက ကျောင်းအပ်နှံရေးနေ့ သီချင်းသီဆို၍ အခမ်းအနားအား ရုပ်သိမ်းခဲ့သည်။
ဝေယံ-ဇလွန်(ပြန်/ဆက်)