ခရမ်း မေ ၂၇
ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ် ကြက်ခြေနီအသင်းခွဲမှဦးစီး၍ မြို့နယ်အတွင်း ပြည်သူလူထုအား ကြက်ခြေနီအကြောင်း အသိပညာဖြန့်ဝေခြင်းကို ယမန်နေ့မွန်းလွဲ ၂ နာရီက ခရမ်းမြို့ အမှတ် ( ၇ ) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ကျင်းပခဲ့ကြောင်းသိရှိရသည်။
အခမ်းအနားတွင် ခရမ်းမြို့နယ် ကြက်ခြေနီအသင်းခွဲမှ မြို့နယ်တပ်ဖွဲ့မှူး ဒေါ်ခင်မိုးလွင်မှ ကြက်ခြေနီအကြောင်း အသိပညာပေး၍ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းနှင့် ဂျာမနီနိုင်ငံ ကြက်ခြေနီအသင်းတို့ ပူးပေါင်းဆောင်ရွက်သည့်ဖွဲစည်းပုံနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုနှင့် စွမ်းဆောင်ရေမြှင့်တင်ရေးစီမံချက်( SSDRMC- Project ) ဆောင်ရွက်နေသည့်အမှတ် ( ၇ )ရပ်ကွက်ကြက်ခြေနီ အသင်းခွဲဝင်များနှင့် တွေ့ဆုံပြီး ပြည်သူအများအား ကြက်ခြေနီလုပ်ငန်းစဉ်များတွင် ပူးပေါင်းပါဝင်ခြင်းဖြင့် ပြည်သူအကျိုးပြု လုပ်ငန်းများ ပိုမိုထိရောက်စွာ ဆောင်ရွက်ရေး အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။
ကိုမင်း ( ခရမ်း )