ရန်ကင်းမြို့နယ်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အထက်တန်း၊ အလယ်တန်း မူလတန်းအဆင့် စာစီစာကုံး၊ ကဗျာ၊ ပိုစတာ၊ ပန်းချီပြိုင်ပွဲကျင်းပ

ရန်ကင်း ဒီဇင်ဘာ ၁၇

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်းအမှတ်(၁)၌ ယမန်နေ့ နံနက်(၁၀)နာရီတွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို အထက်တန်း၊ အလယ် တန်း မူလတန်းအဆင့် စာစီစာကုံး၊ ကဗျာ၊ ပိုစတာ၊ ပန်းချီပြိုင်ပွဲများကို မြို့နယ်အဆင့် ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲတွင် အထက်တန်းအဆင့်စာစီစာကုံးပြိုင်ပွဲတွင် ကျောင်းသားကျောင်းသူ (၈)ဉီး အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ကျောင်းသားကျောင်းသူ (၇)ဉီး အထက်တန်းအဆင့် ကဗျာပြိုင်ပွဲတွင် ကျောင်းသားကျောင်းသူ (၇) ဉီး၊ အလယ်တန်းအဆင့် ပိုစတာပြိုင်ပွဲတွင် ကျောင်းသား ကျောင်းသူ (၈)ဉီး၊ မူလတန်းအထက်အဆင့်ပန်းချီပြိုင်ပွဲတွင် ကျောင်းသားကျောင်းသူ (၈)ဉီး စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ(၃၈)ဦး ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည်။

ပြိုင်ပွဲတွင် ဆုရရှိသူများအား ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ(၄) ရက်နေ့တွင် ကျရောက်မည့်(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့၌ ဆုများအား ချီးမြှင့်သွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှသိရသည်။

လှလှထွေး