မအူပင်မြို့နယ်တွင် လူမှုဝန်ထမ်းဦးစီးဌာနမှ ဘိုးဘွားရိပ်သာရှိ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအတွက် ထောက်ပံ့ငွေပေးအပ်

မအူပင်   ဒီဇင်ဘာ   ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်၊ ပထမ(၃)လပတ်အတွက် အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအတွက် ထောက်ပံ့ငွေ ပေးအပ်ခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်က မအူပင်မြို့ ဘိုးဘွားရိပ်သာသို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် မအူပင်မြို့နယ်အတွင်းရှိ လူမှုရေးပင်စင်အကျုံးဝင်သည့် အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများအား တစ်ဦးလျှင်ကျပ် ၁၀၀၀၀/- နှုန်းဖြင့် (၃)လစာ ကျပ် ၃၀၀၀၀/-ကို သက်ကြီးဘိုးဘွား စုစုပေါင်း (၆)ဦးအတွက် စုစုပေါင်း (၁၈၀၀၀ဝိ/-) တိတိအား ခရိုင်လူမှုဝန်ထမ်းရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်ဝင်းဝင်းအေးနှင့် ဝန်ထမ်းများက သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

မအူပင်ခရိုင် (ပြန်ဆက်)