ရပ်စောက် ဒီဇင်ဘာ ၁၇
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်တွင် မူးယစ်ဆေးဝါး အန္တရာယ် တားဆီးကာကွယ်ရေး အများပြည်သူ အသိပညာပေးနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးဆိုင်ရာ လမ်းညွှန်ချက်များ နံရံကပ်စာစောင်ပြသခြင်းကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနရုံးရှေ့ရှိ မြေစိုက်နံရံကပ်ပြဘုတ်တွင် ပြသထားရှိကြောင်း သိရသည်။
အဆိုပါ အသိပညာပေးနံရံကပ်စာစောင်ကို မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးမှ ဝန်ထမ်းများက ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး မူးယစ်ဆေးဝါးပပျောက်ရေးနှင့် မူးယစ်ဆေးဝါး အန္တရာယ်ကို ပြည်သူများအနေဖြင့် ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန်ရည်ရွယ်၍ ပြသထားခြင်း ဖြစ်ကြောင်း၊ ၎င်းနံရံကပ်စာစောင်နှင့်အတူ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးဆိုင် ရာလမ်းညွှန်ချက်များကိုလည်း ပြည်သူများသိရှိ လိုက်နာ ဆောင်ရွက် နိုင်ရန်အတွက် ပြသထားရာ ပြည်သူများမှ စိတ်ဝင်တစားဖြင့် လာရောက်လေ့လာ ကြည့်ရှုကြ ကြောင်း သိရသည်။
ရဲထက်ဦး(ပြန်/ဆက်)