အမာ ဒီဇင်ဘာ ၁၇
ဧရာဝတီတိုင်းဒေသကြီး ၊ ဖျာပုံခရိုင် ၊ အမာမြို့ ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ Community Centre ခန်းမတွင် စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေး Talk Show ဆွေးနွေးပွဲကို ယနေ့နံနက် (၁၁)နာရီအချိန်တွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။
အဆိုပါအသိပညာပေး Talk Showတွင် အမာမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှ မြို့ဦးစီးမှူးနော်လေးလီယန်နှင့် ရုပ်သံကျွမ်းကျင်-၃ဒေါ်လှယဉ်သိန်းတို့မှ ယနေ့ခေတ်လူငယ်များ စာအုပ်စာပေများဖတ်ရှုလေ့လာခြင်းဖြင့် အသိဉာဏ်ပညာဗဟုသုတများ တိုးပွါးလာစေရန် အတွက် စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေး Talk Show ပြုလုပ်ရကြောင်း၊ ရုံးစာကြည့်တိုက် တွင် စာအုပ်များစနစ်တကျငှါးရမ်းပေးလျက်ရှိကြောင်း၊ စာဖတ်ခြင်းဖြင့်ရရှိလာသော အကျိုး ကျေးဇူးများ အကြောင်းတို့ကို ဆွေးနွေးခဲ့ကြောင်းသိရသည်။
အမာမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်တွင် စာပေ ဝါသနာရှင်များနှင့်အတူ စာဖတ်ဝိုင်းများ၊ Talk Show ဆွေးနွေးပွဲများ၊ နံရံကပ်စာစောင်ပြပွဲ၊ စာအုပ်ပြပွဲများနှင့် Online မှတစ်ဆင့် ပုံပြင်ပြောခြင်း၊ ကဗျာရွတ်ခြင်း၊ စာအုပ်မိတ်ဆက်ခြင်း အစီအစဉ်များကို အမာမြို့ရုံးပြည်သူ့စာကြည့်တိုက် facebook page မှ ထုတ်လွှင့် ပေးလျက် ရှိကြောင်းသိရသည်။