အမြို့မြို့အနယ်နယ်သတင်းများ

Dec 17,2021
ကျောင်းသား/ကျောင်းသူများ ပြင်ပအသိပညာဗဟုသုတများ ရရှိစေရန်၊ ကလေးများကို ကာကွယ်သည့် ဥပဒေများ၊ ကလေးအလုပ်သမားအကြောင်း သိရှိစေရန်ရည်ရွယ်၍  ကလေးအလုပ်သမား ပပျောက်ရေး အသိပညာပေးဟောပြောပွဲကို  ယမန်နေ့မွန်းလွဲပိုင်း အချိန်က ပိုင်ကျုံမြို့ လူထုအခြေပြုဗဟိုဌာန   (Community Centre)  ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Dec 17,2021
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၁၈)နှစ် အောက် ပြေးခုန်ပစ်ပြိုင်ပွဲကို ဒီဇင်ဘာ(၁၄)ရက်မှ (၁၆) ရက်နေ့အထိ တောင်ကြီးမြို့ ပြည်နယ် အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။ ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ် (၃၇) မြို့နယ်မှ အားကစား သမားပြိုင်ပွဲဝင် အသင်း(၃၇)သင်း၊ ပြိုင်ပွဲဝင်အားကစားသမားပေါင်း (၄၃၈)ဦး ပါဝင် ယှဉ်ပြိုင်ကြရာ ပင်းတယမြို့နယ် ကိုယ်စားပြုအားကစား အဖွဲ့က တံခွန်စိုက်ဒိုင်း၊ (ပထမ) ဆု ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။
Dec 17,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ဈေးသူ၊ ဈေးသားများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့နံနက် ၈ နာရီက သစ်ရာမြိုင်ဈေး၌ ကွင်းဆင်းထိုးနှံပေးကြောင်း သိရသည်။
Dec 17,2021
ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့နယ်တွင် ယမန်နေ့ နေ့လယ်ပိုင်းမှ ယနေ့နေ့လယ်ပိုင်း အတွင်း RDT Test kit စစ်ဆေးမှုအရ အမျိုးသမီး ၁ ဦးထံတွင် ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေး တွေ့ရှိခဲ့ကြောင်း သိရသည်။
Dec 17,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ယနေ့ နံနက် ၁၀ နာရီ အချိန်တွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ ထုတ်လုပ်ဖြန့်ချိထားသည့် ဝန်ထမ်းကျင့်ဝတ်လက်စွဲ (၂၀၂၀ ခုနှစ်) စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်သည်။
Dec 17,2021
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်ရှေ့တွင် ယနေ့မွန်းလွဲ(၃)နာရီက နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ရှေ့လုပ်ငန်းစဉ်များ၊ဦးတည်ချက်များနှင့်အိုမီခရွန်ရောဂါဆိုင်ရာများပါဝင်သည့် နံရံကပ်စာစောင်များကို ပြည်သူများ သိရှိစေရန် ရည်ရွယ်၍ ပြသထားကြောင်း သိရသည်။
Dec 17,2021
ပြည်သူများအ​ခြေခံစား​သောက်ကုန်များကို အလွယ်တကူ စျေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသောက် နိုင်ရေးအတွက် ရည်ရွယ်ကာ ယမန်​နေ့ နံနက် ၇ နာရီ အချိန်က အလုံမြို့နယ် အတွင်း Mobile ကားဖြင့် အခြေခံစားသောက်ကုန်ပစ္စည်းများ လှည့်လည်ရောင်းချပေးခဲ့ကြောင်း သိရသည်၊၊