ပိုင်ကျုံမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ကလေးအလုပ်သမား ပပျောက်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ

ပိုင်ကျုံ   ဒီဇင်ဘာ   ၁၇

ကျောင်းသား/ကျောင်းသူများ ပြင်ပအသိပညာဗဟုသုတများ ရရှိစေရန်၊ ကလေးများကို ကာကွယ်သည့် ဥပဒေများ၊ ကလေးအလုပ်သမားအကြောင်း သိရှိစေရန်ရည်ရွယ်၍  ကလေးအလုပ်သမား ပပျောက်ရေး အသိပညာပေးဟောပြောပွဲကို  ယမန်နေ့မွန်းလွဲပိုင်း အချိန်က ပိုင်ကျုံမြို့ လူထုအခြေပြုဗဟိုဌာန   (Community Centre)  ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ သည်။

ရှေးဦးစွာ ပိုင်ကျုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်‌နော်ခူးခူးက အသက် ၁၄ နှစ်မှ ၁၆ နှစ်အထိ ကလေးအလုပ်သမားများကို ခိုင်းစေလိုပါက မှတ်ပုံတင်ဆရာဝန်၏ ထောက်ခံချက် ပါရှိရန်လိုကြောင်း၊ ကလေးများကို အန္တရာယ်ရှိစေမည့် အလုပ်၊ ပြင်းထန်ပြီး ထိခိုက်ဒဏ်ရာရစေမည့် အလုပ်၊ ဖိစီးမှုများသည့် အလုပ်၊ ပင်ပန်းကြီးစွာ လုပ်ရသော အလုပ်များကို စေခိုင်းခြင်းမပြုလုပ်ရကြောင်း၊ လိင်ပိုင်းဆိုင်ရာ ခေါင်းပုံဖြတ်မှုများ၊ အကြမ်းဖက်ခံရခြင်းများ မဖြစ်စေရန် ဥပဒေများထုတ်ပြန်ထားကြောင်း အသိပညာပေး ဟောပြောခဲ့ကြောင်း သိရှိရပါသည်။

ပိုင်ကျုံ (ပြန်/ဆက်)