နမ့်စန်(တ) ဒီဇင်ဘာ ၁၇
ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့နယ်တွင် ယမန်နေ့ နေ့လယ်ပိုင်းမှ ယနေ့နေ့လယ်ပိုင်း အတွင်း RDT Test kit စစ်ဆေးမှုအရ အမျိုးသမီး ၁ ဦးထံတွင် ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေး တွေ့ရှိခဲ့ကြောင်း သိရသည်။
နမ့်စန်မြို့နယ် ပြည်သူ့ဆေးရုံသို့ အနံ့ပျောက်၊ ဖျားနာ၊ ချောင်းဆိုး၍ လာရောက် ပြသသူများနှင့် အခြားကွင်းဆင်းစစ်ဆေးသည့်နေရာတို့မှ စုစုပေါင်း ၆၈ ဦးကို မြို့နယ်ပြည်သူ့ဆေးရုံနှင့် အဆိုပါ ကွင်းဆင်းစစ်ဆေးသည့်နေရာများတွင် ယမန်နေ့နေ့လယ် ၂ နာရီမှ ယနေ့နေ့လယ် ၁ နာရီ အတွင်း RDT Test Kit ဖြင့် စစ်ဆေးခဲ့ရာ ဝမ်ချယ်ရွာမှ ၅၈ နှစ်အရွယ် အမျိုးသမီး ၁ ဦးထံတွင် ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့ပြီး အဆိုပါ ပိုးတွေ့လူနာအား မြို့နယ်ပြည်သူ့ဆေးရုံရှိ ၄ ထပ်ဆောင်တွင် ထားရှိကုသပေးလျက်ရှိကြောင်း သိရသည်။
နမ့်စန်မြို့တွင် ဒီဇင်ဘာလ ၁၇ ရက်နေ့၌ ကျန်းမာရေးကောင်းမွန်၍ အမျိုးသား ၃ ဦးနှင့် အမျိုးသမီး ၁ ဦး၊ စုစုပေါင်း၄ ဦး ဆေးရုံဆင်းခဲ့ပြီး ယနေ့ နေ့လယ်ပိုင်းအထိ မြို့နယ်ပြည်သူ့ ဆေးရုံတွင် ကုသဆဲ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ စုစုပေါင်း ၇၈ ဦးရှိကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်