အလုံ ဒီဇင်ဘာ ၁၇
ပြည်သူများအခြေခံစားသောက်ကုန်များကို အလွယ်တကူ စျေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသောက် နိုင်ရေးအတွက် ရည်ရွယ်ကာ ယမန်နေ့ နံနက် ၇ နာရီ အချိန်က အလုံမြို့နယ် အတွင်း Mobile ကားဖြင့် အခြေခံစားသောက်ကုန်ပစ္စည်းများ လှည့်လည်ရောင်းချပေးခဲ့ကြောင်း သိရသည်၊၊
ထိုသို့ရောင်းချပေးရာတွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် Mobile ကား(၁)စီးဖြင့် အလုံမြို့နယ် ဌာနာရပ်ကွက်၊ နှင်းဆီလမ်း၊ မြို့နယ်ခန်းမရှေ့တွင် ရောင်းချပေးလျက်ရှိပြီး ကြက်သားတစ်ပိဿာလျှင် ၄၅၀၀ ကျပ်၊ ဆိတ်သားသားတစ်ပိဿာလျှင် ၁၇၀၀ဝ ကျပ်၊ အရိုးအသား တစ်ပိဿာလျှင် ၁၂၀၀ဝ ကျပ်၊ ကလီစာတစ်ပိဿာလျှင် ၉၀၀ဝ ကျပ်၊ အမဲသားတစ်ပိဿာလျှင် ၁၂၀၀ဝ ကျပ်၊ ဝက်သားအဆီ အသားတစ်ပိဿာလျှင် ၁၀၀၀၀ ကျပ်၊ ဝက်သားလှိုင်းသား/ အသားရှယ်တစ်ပိဿာ ၁၂၀၀၀ကျပ်၊ နံရိုးတစ်ပိဿာ ၉၀၀ဝ ကျပ် နှုန်းများဖြင့် ဈေးနှုန်းချိုသာစွာ ရောင်းချပေးလျက်ရှိပါသည်။
အဆိုပါ Mobile ကားဖြင့် အခြေခံစားသောက်ကုန်ပစ္စည်းများ လှည့်လည်ရောင်းချခြင်းကို အပတ်စဉ် သောကြာနေ့တိုင်း ရောင်းချပေးလျက်ရှိပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ အဖွဲ့ဝင်များနှင့်ဌာနဆိုင်ရာမှ တာဝန်ရှိသူများက ဝိုင်းဝန်းကူ ညီဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်၊၊
မြို့နယ်(ပြန်/ဆက်)