ဟိုပုံးမြို့ လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်းပြုလုပ်

ဟိုပုံး ဒီဇင်ဘာ ၁၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ယနေ့ နံနက် ၁၀ နာရီ အချိန်တွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ ထုတ်လုပ်ဖြန့်ချိထားသည့် ဝန်ထမ်းကျင့်ဝတ်လက်စွဲ (၂၀၂၀ ခုနှစ်) စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်သည်။

စာဖတ်ဝိုင်းတွင် ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံး(ဟိုပုံး)မှ လက်ထောက်ညွှန်ကြားရေးမှူး (တာဝန်ပေး) ဒေါ်ခင်အိအိသန်းက စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်နှင့် အကျိုးကျေးဇူးအကြောင်းကိုလည်းကောင်း၊ ဦးစီးအရာရှိ(တာဝန်ပေး) ဒေါ်နန်းခမ်းခြူးနှင့် ဝန်ထမ်းများတို့က ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ ထုတ်လုပ်ဖြန့်ချိထားသည့် ဝန်ထမ်းကျင့်ဝတ် လက်စွဲ(၂၀၂၀ခုနှစ်) စာအုပ်ပါ ပြီးပြည့်စုံသော ရုံးလုပ်ငန်း၊ ဝင်စာ/ထွက်စာ (ရည်ရွယ်ချက်၊ အရေးယူဆောင်ရွက်ရမည့်အချက်များနှင့် ဂရုပြုရမည့်အချက်များ)၊ စာရွက်စာတမ်းများ လုံခြုံစွာ ကိုင်တွယ်ထိန်းသိမ်းနည်း၊ နိုင်ငံပိုင်ပစ္စည်း သုံးစွဲနည်းနှင့် ပတ်သက်၍ ဂရုပြုရမည့် အချက်များနှင့် ရုံးစာရေးသားရာတွင် အခြေခံရမည့်အချက်များ အကြောင်းကို ဆွေးနွေးကြသည်။

ထို့နောက် ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အဆင့်ရုံး(ဟိုပုံး)မှ လက်ထောက်ညွှန်ကြားရေးမှူး (တာဝန်ပေး) ဒေါ်ခင်အိအိသန်းက ဝန်ထမ်းများဆွေးနွေးကြသည့်စာအုပ်ပါ အကြောင်းအရာများကို ဖြည့်စွက်၍ လမ်းညွှန်မှု ပေးခဲ့ကြောင်း သိရသည်။

ထက်ထက်(ဟိုပုံး)